• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

လီခေ့ချန်သည် အမေရိကန် ဧည့်သည်တော်နှင့် တွေ့ဆုံနှုတ်ဆက်

(GMT+08:00) 2018-09-08 16:11:35

တရုတ် နိုင်ငံတော် ကောင်စီ ဝန်ကြီးချုပ် လီခေ့ချန်သည် ယခုလ ၇ရက်နေ့ ညနေပိုင်းက ပီကင်းတွင် အလည်အပတ် ရောက်ရှိလာသော အမေရိကန် ExxonMobil ကော်ပိုရေးရှင်း ဒါရိုက်တာအဖွဲ့ ဥက္ကဋ္ဌ၊ CEO ဒါရင်ဝတ်နှင့် တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရသည်။

ထိုသို့တွေ့ဆုံနှုတ်ဆက်ရာတွင် လီခေ့ချန်က တရုတ်နှင့် အမေရိကန် အကြား အပြန်အလှန် ရင်းနှီးမြှုပ်နှံမှု ရှင်သန်စွာ ဖွံ့ဖြိုးတိုးတက်ရေးသည် နှစ်ဖက်အတွက် အကျိုးရှိသည့် အပြင်၊ ကမ္ဘာ့ စီးပွားရေး တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်မှုနှင့် နိုင်ငံတကာ ကုန်သွယ်ရေး တိုးတက်မှု အတွက်လည်း အထောက်အကူ ဖြစ်ကြောင်း၊ နိုင်ငံ အသီးသီး အနေနှင့် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု လွတ်လပ်လွယ်ကူစွာ ပြုလုပ်ရေးကို လက်တွဲ ထိန်းသိမ်းကာကွယ်ကြသင့်ကြောင်း ပြောကြားသည်။

ဒါရင်ဝတ်က လွန်ခဲ့သည့် နှစ်များတွင် ExxonMobil ကော်ပိုရေးရှင်းသည် တရုတ်ပြည်နှင့်  ပူးပေါင်းဆောင်ရွက်ရေး ဆက်ဆံမှု ရှိကြောင်း၊ တံခါးဖွင့်မှု တိုးချဲ့ရေး၊ စီးပွားကုန်သွယ်ရေး အခြေအနေ ကောင်းမွန်စေရေးနှင့် ပညာ မူပိုင်ခွင့် ထိန်းသိမ်းကာကွယ် ရေး နယ်ပယ်များတွင် မကြာခင်က တရုတ် အစိုးရမှ ဆောင်ရွက်ချက်များကို ချီးကျူးကြောင်း ပြောကြားသည်။

   Webradio