• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဘယ်သူက တရုတ်ရဲ့ အာကာသ စူးစမ်းရေး ကုမ္ပဏီ ဖြစ်သွားနိုင်မလဲ

(GMT+08:00) 2018-09-07 16:53:10

ပီကင်းမြို့ရှိ အရပ်ဘက် အာကာသ လုပ်ငန်း ကုမ္ပဏီ ဖြစ်တဲ့ "ရှင်းကြည့်ရုံယော့" ကုမ္ပဏီဟာ ဒီလ ၅ ရက်နေ့က တရုတ် ကျိုချွမ် ဂြိုဟ်တုလွှတ်တင်ရေး စခန်းမှာ ကိုယ်တိုင် သုတေသနပြု ထုတ်လုပ်တဲ့ Hyperbolic -1z သယ်ဆောင် ဒုံးပျံကို အောင်မြင်စွာ လွှတ်တင်ပြီး အလားတူပဲ အရပ်ဘက် လုပ်ငန်းကုမ္ပဏီ သုတေသနပြု ထုတ်လုပ်တဲ့ ဂြိုဟ်တု သုံးစင်းကို Suborbital လမ်းကြောင်းသို့ ပို့ဆောင်ပေးကာ သက်ဆိုင်ရာ သိပံ္ပပညာ စမ်းသပ်မှုများကို ပြုလုပ်နေပါတယ်။ ပြီးခဲ့တဲ့ တစ်နှစ်ကျော်အတွင်း တရုတ်ပြည် အရပ်ဘက် အာကာသ သိပံ္ပပညာ ကုမ္ပဏီများရဲ့ သတင်း မနဲပါဘူးလို့ ဆိုနိုင်ပါတယ်။ ဒီနှစ် မေလမှာ အရပ်ဘက် ကုမ္ပဏီ ဖြစ်တဲ့ "လင်ယီခုံကျန်" ကုမ္ပဏီလည်း ဂြိုဟ်တု လွှတ်တင်မှုကို ပြုလုပ်ခဲ့ဖူးတယ်။ အဲဒါဟာ တရုတ်ပြည် အရပ်ဘက် ကုမ္ပဏီ အနေနဲ့ ပထမဆုံးအကြိမ် စီးပွါးဖြစ် ဂြိုဟ်တု လွှတ်တင်ခြင်းပဲ ဖြစ်ပါတယ်။

ဒီအကြိမ် "ရှင်းကြည့်ရုံယော့" ကုမ္ပဏီရဲ့ ဂြိုဟ်တု လွှတ်တင်ခြင်းဟာ စမ်းသပ်တဲ့ သဘော ဖြစ်တဲ့ လွှတ်တင်ခြင်း မဟုတ်ဘဲ စီးပွါးဖြစ် သဘော ဖြစ်တဲ့ လွှတ်တင်ခြင်း တစ်ရပ် ဖြစ်တယ်။ စီးပွါးဖြစ် လွှတ်တင်ခြင်း ဆိုတာဟာ ဂြိုဟ်တု ပိုင်ဆိုင်သူက လွှတ်တင်ခြင်း အတွက် စရိတ်များကို ခံယူတယ် ဆိုတာ ဖြစ်တယ်။ စမ်းသပ်တဲ့ သဘော ဖြစ်တဲ့ လွှတ်တင်ခြင်း ကတော့ သုတေသနပြု ထုတ်လုပ်တဲ့ရုံးက ကိုယ်တိုင် စရိတ် ခံယူတာ ဖြစ်ပြီး ရည်ရွယ်ချက် ကတော့ ဒုံးပျံရဲ့ အစွမ်းသတ္တကို စမ်းသပ်ဖို့ ဖြစ်ကာ အာကာသသို့ တကယ် အသုံးကျတဲ့ ဥစ္စာ တစ်ခုခုကို ပို့ဆောင်တာတော့ ဖြစ်ချင်မှ ဖြစ်ပါလိမ့်မယ်။

ဒီနှစ် မေလက "လင်ယီခုံကျန်" ကုမ္ပဏီရဲ့ စီးပွါးဖြစ် လွှတ်တင်ခြင်းနဲ့ နှိုင်းယှုဉ် ပါက၊ ဒီအကြိမ် "ရှင်းကြည့်ရုံယော့" ကုမ္ပဏီရဲ့ Hyperbolic -1z  ဒုံးပျံ လွှတ်တင်ခြင်းဟာ တကယ်စင်စစ်သော အာကာသ ပျံသန်းခြင်း မဟုတ်ဘူး။ ဒါဟာ ဒုံးပျံနဲ့ ဂြိုဟ်တု သုံးစင်းကို Suborbital လမ်းကြောင်းသို့ ပို့ဆောင်ပေးတာသာ ဖြစ်ပြီး အဲဒီ ဂြိုဟ်တုတွေဟာ ကမ္ဘာပတ်လမ်းကြောင်းလောက် မြင့်အောက် ရောက်နိုင်မှာ မဟုတ်ဘဲ နောက်ဆုံးမှာ မြေပြင်ပေါ်ကို ပျံလည်ဆင်းသက်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီအကြိမ် ဂြိုဟ်တု လွှတ်တင်ခြင်းဟာ ကမ္ဘာပတ်လမ်းကြောင်းကို နီးကပ်တဲ့ စမ်းသပ် ပျံသန်းခြင်း တစ်ကြိမ် အဖြစ် နားလည် သတ်မှတ်လို့လည်း ရပါတယ်။

တစ်ချိန်တည်းမှာ "လင်ယီခုံကျန်" ကုမ္ပဏီရဲ့ ဒုတိယ အစင်း Suborbital လမ်းကြောင်းပို့ ဒုံးပျံ ဖြစ်တဲ့ OS-X1 ကိုလည်း ဒီလ ၇ ရက်နေ့မှာ တရုတ် ကျိုချွမ် ဂြိုဟ်တုလွှတ်တင်ရေး စခန်းမှာ အောင်မြင်စွာ လွှတ်တင်ခဲ့တယ်။ အဲဒီကုမ္ပဏီက သုတေသနပြု ထုတ်လုပ်တဲ့ ဂြိုဟ်တုကို တကယ်စင်စစ် ကမ္ဘာပတ်လမ်းကြောင်းသို့ ပို့ဆောင်နိုင်တဲ့ Multi-stage ဒုံးပျံ ဖြစ်တဲ့ OS-M ဟာ ဒုတိယအဆင့်နဲ့ တတိယ အဆင့် အင်ဂျင်စက် စမ်းသပ်မှုကို ပြီးမြောက်အောင် လုပ်ဆောင်ပြီ ဖြစ်ပြီး ဒီနှစ် နှစ်ကုန်ပိုင်းမှာ အာကာသသို့ လွှတ်တင် နိုင်မယ်လို့ သတင်းရရှိပါတယ်။

အရပ်ဘက် အာကာသ သိပံ္ပပညာ လုပ်ငန်းကုမ္ပဏီများ သူ့ထက်ငါဦး ယှဉ်ပြိုင် ကြိုးစားမှုနဲ့၊ တရုတ်ပြည် စီးပွါးဖြစ် အာကာသ လုပ်ငန်း အခန်းကဏ္ဍသစ်ကို ဖွင့်လှစ် ပါတယ်။ ၂၀၁၈ ခုနှစ်ဟာ တရုတ် အရပ်ဘက် အာကာသ လုပ်ငန်းဆိုင်ရာ မှတ်တိုင် တစ်ရပ် ဖြစ်သွားမှာ မုချဧကန်ပါပဲ။

   Webradio