• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အာဖရိကခေါင်းဆောင်များသည် ပီကင်းထိပ်သီးအစည်းအဝေးကို ချီးကျူး

(GMT+08:00) 2018-09-07 10:48:38

        ယခုလ ၆ ရက်နေ့ညက တရုတ်နိုင်ငံတော်ဥက္ကဋ္ဌရှီကျင့်ဖိန်သည် ကွန်ဂိုဝန်ကြီးချုပ် ဘရူနို-ဆီဘာလာ-ဇန်ဇယ်နှင့် တွေ့ဆုံပြီးနောက် ၂၀၁၈ တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်ရေးဖိုရမ် ပီကင်းထိပ်သီးအစည်းအဝေး အတောအတွင်း ဥက္ကဋ္ဌရှီကျင့်ဖိန်၏ နှစ်ဖက်ဆက်ဆံရေး လှုပ်ရှားမှုများသည် ပြီးဆုံးသွားကြောင်း၊ ပီကင်းထိပ်သီးအစည်းအဝေး ပြီးနောက် ၂ ရက်အတွင်းတွင်ပင် ဥက္ကဋ္ဌရှီကျင့်ဖိန်သည် အာဖရိကနိုင်ငံ ခေါင်းဆောင်များ ၂၀ဦး နှင့် အသီးသီး တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း၊ ထိုသို့ တွေ့ဆုံရာတွင် အာဖရိကခေါင်းဆောင်များသည် နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးရန် ဆန္ဒအားပြင်းပြီး ယခုအကြိမ် ထိပ်သီးအစည်းအဝေးတွင် ရရှိခဲ့သော အောင်ကျိုးရလဒ်များသည် အာဖရိက-တရုတ် ပြည်သူပြည်သားများအား အကျိုးရရှိစေမည်ဟု ချီးကျူးကြကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

   Webradio