• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဗြိတိန် အစိုးရ အနေနှင့် ဟောင်ကောင်ပြဿနာဆိုင်ရာ နှစ်ဝက်တာ အစီရင်ခံစာ ဟူသည်ကို ထုတ်ပြန်ခြင်း ရပ်စဲရန် တရုတ် ပန်ကြား

(GMT+08:00) 2018-09-07 09:55:20
ဗြိတိန် အစိုးရက ဟောင်ကောင်ပြဿနာဆိုင်ရာ နှစ်ဝက်တာ အစီရင်ခံစာ ဟူသည်ကို ထုတ်ပြန်ခဲ့ခြင်းနှင့် ပတ်သက်ပြီး၊ ယခုလ ၆ ရက်နေ့က၊ ဟောင်ကောင် အထူးအုပ်ချုပ်ရေးဒေသရှိ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန အထူး ကိုယ်စားလှယ်ဌာနရုံးမှ ပြောရေးဆိုခွင့်ရှိသူက၊ ဗြိတိန် အနေနှင့် ဟောင်ကောင်က အမိ နိုင်ငံ ရင်ခွင်သို့ ပြန်လည် ဝင်ရောက်ပြီး ဖြစ်သည့် အဖြစ်မှန်ကို မှန်ကန်စွာ သဘော ထားရန်၊ ဟောင်ကောင်သူဟောင်ကောင်သားများ၏ လွတ်လပ်စွာ ပြောပိုင်ခွင့် အပါအဝင် အခွင့်အရေးများကို ဥပဒေနှင့်အညီ ကာကွယ်မှု ခံရသည့် အဖြစ်မှန်ကို မှန်ကန်စွာ သဘော ထားရန်၊ ဟောင်ကောင်ပြဿနာဆိုင်ရာ နှစ်ဝက်တာ အစီရင်ခံစာ ဟူသည်ကို ထုတ်ပြန်ခြင်း ရပ်စဲရန်၊ ဟောင်ကောင်ရေးရာများအပေါ် ဟိုပြောဒီပြော လုပ်ခြင်းကို ရပ်စဲရန်၊ တရုတ် ပြည်တွင်းရေးတွင် ဝင်ရောက်စွက်ဖက်သည်ကို ရပ်စဲရန် တရုတ်နိုင်ငံက ပန်ကြားကြောင်း ပြောကြားခဲ့သည်ဟု စီအာအိုင် သတင်းအရ သိရပါသည်။
   Webradio