• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ပီကင်း ထိပ်သီးအစည်းအဝေးဟာ အာဖရိက ဖွံ့ဖြိုးရေးကို တွန်းအားပေး

(GMT+08:00) 2018-09-07 09:47:46

၂၀၁၈ ခုနှစ် တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်ရေးဖိုရမ် ပီကင်း ထိပ်သီး အစည်းအဝေးကို ကျင်းပပြီးစီးခဲ့ပါပြီ။ တရုတ်၊ အာဖရိက အပါအဝင် နိုင်ငံတကာ မိသားစုကြီးဟာ အစည်းအဝေးမှ ထုတ်ပြန်တဲ့ ပီကင်း ကြေညာစာတမ်းနဲ့ အနာဂတ် သုံးနှစ်တာ ဆောင်ရွက်မှု စီမံကိန်းကို ဆက်တိုက် အာရုံစူးစိုက်နေပါတယ်။ အစည်းအဝေး တက်ရောက် ကြတဲ့ အာဖရိက နိုင်ငံအသီးသီးမှ ထိပ်သီး ခေါင်းဆောင်များက၊ တရုတ်နိုင်ငံဟာ အာဖရိကရဲ့ အားကိုးရတဲ့ မိတ်ဆွေနဲ့ မိတ်ဖက် ဖြစ်ပြီး ဥက္ကဋ္ဌ ရှီကျင့်ဖိန် တင်ပြတဲ့ ပိုမို ရင်းနှီးတဲ့ တရုတ်-အာဖရိက ကံကြမ္မာ အသိုက်အဝန်း တည်ထောင်ရေး ဆိုင်ရာ ဆောင်ရွက်မှုနဲ့ အတွေးအခေါ်သစ်တွေဟာ အာဖရိကရဲ့ ငြိမ်းချမ်း တည်ငြိမ်ရေးနဲ့ ဆက်တိုက် ဖွံ့ဖြိုးရေး အတွက် ရေရှည် အကျိုးပြုသွားမယ်လို့ အသီးသီး ဖေါ်ပြခဲ့ကြပါတယ်။

ဒီအကြိမ် အစည်းအဝေးမှာ ၂၀၁၅ ခုနှစ်က တင်ပြခဲ့တဲ့ "တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်ရေး စီမံကိန်း ၁၀ ရပ်" အခြေခံပေါ်မှာ "ဆောင်ရွက်မှု စီမံကန်း ၈ ရပ်"ကိုလည်း တင်ပြထားပါတယ်။ လာမယ့် ၃ နှစ်အတွင်း တရုတ်နဲ့ အာဖရိကတို့ဟာ ကုန်ထုတ်လုပ်မှု တိုးမြှင့်ရေး၊ အခြေခံ အဆောက်အအုံများ ဆက်သွယ်ရေး၊ ကုန်သွယ်မှု ချောမွေ့ အဆင်ပြေစေရေး၊ မြစိမ်းရောင် ဖွံ့ဖြိုးရေး၊ စွမ်းရည် ထူထောင်ရေး၊ ကျန်းမာရေး၊ လူမှု ယဉ်ကျေးမှု ကူးလူးဖလှယ်ရေး၊ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေး နယ်ပယ်များမှာ ပူးပေါင်းဆောင်ရွက်မှုကို အဓိကထား တွန်းအားပေး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အဲဒါတွေဟာ အာဖရိကရဲ့ ဖွံ့ဖြိုးရေး အပေါ် ရှင်သန်စွမ်းအားကို ဆောင်ကျဉ်းပေးမှာ မုချဧကန်ပါပဲ။

နိုင်ငံတကာ စီးပွါးရေး ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ဖွံ့ဖြိုးတိုးတက်ရေးစင်တာ ဥရောပ၊ အရှေ့အလယ်ပိုင်းနဲ့ အာဖရိကရေးရာဌာန ဥက္ကဋ္ဌ မင်စာက၊ "ဆောင်ရွက်မှု စီမံကန်း ၈ ရပ်" ကမ်းလှမ်းချက်ဟာ အာဖရိကရဲ့ စက်မှု အရည်အချင်းနဲ့ ပညာရေး အရည်အချင်း တိုးမြှင့်ရေး အတွက် အကျိုးရှိမှာ ဖြစ်ပြီး အာဖရိကသဂ္ဂ "၂၀၆၃ ခုနှစ် အစီအစဉ်" ဖေါ်ဆောင်ရေး အတွက်လည်း အထောက်အကူပေးနိုင်မယ်လို့ မကြာခင်က သတင်းထောက်နဲ့ တွေ့ဆုံရာမှာ ပြောကြားပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဂူတာရက်စ်က၊ အာဖရိက ငြိမ်းချမ်းတည်ငြိမ်မှု ထိန်းသိမ်းရေးနဲ့ ဆက်တိုက် ဖွံ့ဖြိုးမှု ဖေါ်ဆောင်ရေးဟာ ကုလသမဂ္ဂရဲ့ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေး တွန်းအားပေးရေးလုပ်ငန်းရဲ့ သော့ချက်ကျရာကိစ္စ ဖြစ်ပြီး အပြန်အလှန် အကျိုးရှိစေရေး မူပေါ်မှာ အခြေခံထားတဲ့ တရုတ်နဲ့ အာဖရိက ပူးပေါင်းဆောင်ရွက်မှုဟာ အာဖရိကရဲ့ ဖွံ့ဖြိုးတိုးတက်မှု အပေါ် လိုရင်းသဘောအားဖြင့် အကျိုးသက်ရောက်မှုကို ပြုနေတယ်လို့ ပြောကြားပါတယ်။

   Webradio