• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဖိလစ်ပိုင်မှ တရုတ်သံအမတ်ကြီးစကော်လာရှစ်ရရှိသော ကျောင်းသူကျောင်းသားများသည် တရုတ်-ဖိလစ်ပိုင်ပေါင်းကူးတံတားဖြစ်ရန်ဆန္ဒရှိ

(GMT+08:00) 2018-09-06 16:09:36

ဖိလစ်ပိုင်ဆိုင်ရာတရုတ်သံအမတ်ကြီးကျော့ကျမ့်ဟွာ၏ဖိတ်ကြားချက်အရ ဖိလစ်ပိုင် တက္ကသိုလ်၊ ဖိလစ်ပိုင်ဆရာအတတ်သင်တက္ကသိုလ်စသည့် တက္ကသိုလ်များမှ တရုတ်သံအမတ်ကြီးစကော်လာရှစ်ရရှိသော ကျောင်းသူကျောင်းသား၂၃ဦးနှင့်အတူ့ လိုက်ပါလာသောဆရာဆရာမတို့သည် ယခုရက်များတွင် တရုတ်နိုင်ငံပီကင်းမြို့နှင့် ကွေ့ကျိုးပြည်နယ်သို့ ၇ရက်ကြာ သင်ယူလေ့လာခဲ့ကြကြောင်း စီအာအိုင်သတင်းအရ သိရပါသည်။

ဖိလစ်ပိုင်ဆရာအတတ်သင်တက္ကသိုလ်မှကျောင်းသူ အယ်တရာလင်သည် သူမြင်တွေ့ရသည့်တရုတ်နိုင်ငံသည် ဖိလစ်ပိုင်ပြည်တွင်းမီဒီယာများနှင့်  စာအုပ်များတွင် ဖေါ်ပြသော တရုတ်နိုင်ငံနှင့်မတူဘဲ တရုတ်လူမျိုးများ၏ ချစ်ကြည်ရင်းနှီးခြင်း၊ တရုတ်ရိုးရာယဉ်ကျေးမှုနှင့် လူနည်းစု ယဉ်ကျေးမှု၏ ဆက်ခံခြင်းနှင့် ကာကွယ်ခြင်းသည် ယခင်ကတရုတ်နိုင်ငံအပေါ်သူမ၏ စွဲမှတ်ထင်ဟပ်ချက်ကို ပြောင်းလဲစေပြီး မိမိ၏အတွေ့အကြုံများကို ဖိလစ်ပိုင်ကလေးသူငယ်များအား လက်ဆင့်ကမ်းပေးရန် တရုတ်-ဖိလစ်ပိုင်အကြား ပေါင်းကူးတံတားဖြစ်လိုကြောင်း ပြောကြားခဲ့သည်ဟု သိရပါသည်။

   Webradio