• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်ရေးဖိုရမ် အောင်မြင်စွာ ကျင်းပခဲ့ခြင်းကို နိုင်ငံတကာမိသာစုကြီး ချီးကျူးကြ

(GMT+08:00) 2018-09-06 11:58:52

        ယခုလ ၃ ရက်နေ့မှနေ ၄ ရက်နေ့အထိ တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်ရေးဖိုရမ် ပီကင်းထိပ်သီးအစည်းအဝေးကို အောင်မြင်စွာ ကျင်းပခဲ့ရာ နိုင်ငံတကာမိသာစုကြီးသည် ယင်းအစည်းအဝေးကို အာရုံစိုက်ကြကာ ယင်းအစည်းအဝေးတွင် အောင်ကျိုးရလဒ်များစွာ ရရှိပြီး တရုတ်-အာဖရိက ဆက်ဆံမှုကို အဆင့်သစ်သို့ တိုးမြှင့်သည့်အပြင် ခေတ်သစ်တွင် တရုတ်-အာဖရိက ချစ်ကြည်ရေး ပူးပေါင်းဆောင်ရွက်မှုအတွက် ခိုင်မာသော အခြေခံ ဖန်တီးပေးခဲ့ကြောင်း ယူဆကြသည်ဟု ဆင်ဟွာသတင်းအရ သိရပါသည်။

        နမီးဘီးယား တက္ကသိုလ် နိုင်ငံရေးသိပ္ပံပညာဆရာ အိုဇယ်-ရီရူအာကိုက တရုတ်ပြည်သည် အာဖရိကတိုက်၏ အစဉ်တစိုက်သော မိတ်ဆွေဖြစ်ကြောင်း၊ ဥက္ကဋ္ဌရှီကျင့်ဖိန် တင်ပြသော "မလုပ်ခြင်း" ၅ ရပ်ပေါ်လစီသည် အားတက်ဖွယ်ရာပင်ဖြစ်ကြောင်း ပြောကြားသည်။

        တောင်အာဖရိကနိုင်ငံမှ နာမည်ကျော် ဘောဗေဒပညာရှင် မွန်ဒီက အာဖရိက-တရုတ် နှစ်ဖက်တို့သည် သဘာဝကျကျ ချစ်ခင်ရင်းနှီးပြီး နှစ်ဖက် ပူးပေါင်းဆောင်ရွက်ရေးတွင် ကောင်းမွန်သောအခြေခံရှိကြောင်း၊ အာဖရိက-တရုတ် ဆက်ဆံမှုသည် တန်းတူညီမျှပြီး အပြန်အလှန် အကျိုးရှိစေကာ နိုင်ငံတကာ အခြေအနေ မည်သို့ပင် ပြောင်းလဲပြောင်းလဲ အာဖရိက-တရုတ်ပူးပေါင်းဆောင်ရွက်မှု အခြေခံသည် မယိမ်းမဝိုင် ဖြစ်မည်ဖြစ်ကြောင်း ပြောကြားသည်။

 

   Webradio