• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

"မလုပ်ခြင်း" ၅ ရပ်နှင့်  "နိုင်မည်မဟုတ်" ၄ ရပ် မူသည် တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှု သန္နိဌာန် ပေါ်လွင်လာစေ

(GMT+08:00) 2018-09-06 09:37:42

တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ် ပီကင်း ထိပ်သီး အစည်းအဝေးတွင် တရုတ် နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် "မလုပ်ခြင်း" ၅ ရပ်နှင့်  "နိုင်မည်မဟုတ်" ၄ ရပ် မူကို တင်ပြပြီး တရုတ်နိုင်ငံ၏ အာဖရိကနှင့် သံတမန် ဆက်ဆံရေးဆိုင်ရာ မူနှင့် ရပ်တည်ချက်များကို လေးနက်စွာ ရှင်းလင်းပြောကြားပါသည်။

အစည်းအဝေးတွင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် အာဖရိကနိုင်ငံများက ကိုယ့်နိုင်ငံ၏ လက်တွေ့ အခြေအနေနှင့် ကိုက်ညီသော ဖွံ့ဖြိုးရေးလမ်းကြောင်း စူးစမ်းခြင်းကို ဝင်မစွက်ခြင်း၊ အာဖရိက အတွင်းပိုင်း ကိစ္စရပ်များကို ဝင်မစွက်ခြင်း အပါအဝင် "မလုပ်ခြင်း" ၅ ရပ်ကို တင်ပြထားပါသည်။ တောင်အာဖရိကနိုင်ငံ ဆိုင်ရာ တရုတ် သံအမတ်ကြီး၊ နိုင်ငံခြားရေး ဝန်ကြီးဌာန အာရှရေးရာ ညွှန်ကြားရေးမှူးချုပ်ဟောင်း လင်စွန်ထျဲန်က၊ ယင်းသည် တရုတ်နိုင်ငံ၏ အာဖရိကဆိုင်ရာ မူဝါဒ အတွေးအခေါ်၏ ဝိသေသများကို ပြသနေကြောင်း ပြောကြားပါသည်။

အစည်းအဝေးတွင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်က မည်သူမဆို တရုတ်-အာဖရိက ပြည်သူများ၏ သွေးစည်းညီညွတ်ရေးကို ဖျက်ဆီးနိုင်မည် မဟုတ်ကြောင်း၊ မည်သူ မဆို တရုတ်-အာဖရိက ပြည်သူများ ရှင်သန်ဖွံ့ဖြိုးရေး ခြေလှမ်းကို တားဆီးနိုင်မည် မဟုတ်ကြောင်း စသဖြင့် ပြောကြားပါသည်။ ယင်းနှင့် ပတ်သက်ပြီး လင်စွန်ထျဲန်က၊ ယင်းသည် အနောက်နိုင်ငံများ၏ တရုတ်ပြည်အား သရုပ်ဖျက်သော ပြောဆိုချက်များကို ထိရောက်စွာ တုံ့ပြန် ချေပနိုင်ခဲ့ကြောင်း ပြောကြားပါသည်။

   Webradio