• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်-အာဖရိက အေအိုင်ဒီ အက်စ်ရောဂါ ထိန်းချုပ်ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုမှာ အခွင့်အလမ်းသစ်များနှင့် ကြုံတွေ့နေ

(GMT+08:00) 2018-09-06 09:35:46

၂၀၁၈ ခုနှစ် တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ် ပီကင်း ထိပ်သီး အစည်းအဝေးကိ ယခုလ ၄ ရက်နေ့က ပီကင်း၌ ကျင်းပ ပြီးစီးခဲ့ပါသည်။ ယင်းနေ့တွင် တရုတ်နှင့် အာဖရိက နိုင်ငံ ၃၇ နိုင်ငံတို့ဟာ "တရုတ်-အာဖရိက အေအိုင်ဒီ အက်စ်ရောဂါ ထိန်းချုပ်ကာကွယ်ရေး အစည်းအဝေး ပူးတွဲ ကမ်းလှမ်းချက်"ကို ပူးတွဲ ထုတ်ပြန်ခဲ့ပါသည်။ တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ် မူဘောင် အတွင်း အဓိက ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းနယ်ပယ် အဖြစ်ဖြင့် နှစ်ဖက်၏ အက်စ်ရောဂါ ထိန်းချုပ် ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုမှာ အခွင့်အလမ်းသစ်များနှင့် ကြုံတွေ့လျက် ရှိပါသည်။

တရုတ်နိုင်ငံသည် ၂၀၁၉ ခုနှစ်မှစပြီး အာဖရိကနိုင်ငံများနှင့် သက်ဆိုင်ရာ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ပြီး ၃ နှစ်တာ တရုတ်-အာဖရိက လူငယ်များ အက်စ်ရောဂါ ကြိုတင် ကာကွယ်ရေးနှင့် လူနေရပ်ကွက် ကျန်းမာရေး လုပ်ငန်းစဉ်ကို ဖေါ်ဆောင်သွားမည်ဟု စီအာအိုင် သတင်းအရ သိရပါသည်။

   Webradio