• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဥရောပသမဂ္ဂက အကျပ်အတည်းမှ ရုန်းထွက်နိုင်ဖို့ မာကရွန် ကြိုးပမ်းနေ

(GMT+08:00) 2018-09-06 09:33:47

ကမ္ဘာပေါ်မှာ မတူကွဲပြားတဲ့ အတွေးအခေါ်နဲ့ အင်အားစုများ ယှဉ်ပြိုင် အားထုတ် နေကြတဲ့ ယနေ့မှာ နိုင်ငံတကာ စီမံခန့်ခွဲမှု ဦးစီးပြုလုပ်ခြင်းကို ကိုယ့်တာဝန် အဖြစ် အမြဲ ထားနေတဲ့ ဥရောပဟာ ခဲရာခက်ဆစ်ကို ကြုံတွေ့နေလျက် ဖြစ်တယ်။ ဥရောပသမဂ္ဂရဲ့ ဦးဆောင်သူ များအနက် တစ်ဦး အပါအဝင် ဖြစ်တဲ့ ပြင်သစ် သမ္မတ မာကရွန်ဟာ သြဂုတ်လ လကုန်ပိုင်းမှာ အပြည်ပြည်ဆိုင်ရာ ပြင်သစ် သံတမန်များ အစည်းအဝေးမှာ မိန့်ခွန်း ပြောကြားပြီး နိုင်ငံစုံဝါဒ ထွန်းကားဖို့ လှုံ့ဆော် တိုက်ထွန်းကာ ပြင်သစ်နိုင်ငံက ဥရောပသဂ္ဂကို ဦးဆောင်ပြီး အကျပ်အတည်းမှ ရုန်းထွက်နိုင်ဖို့ ကြိုးစားနေတာကို ပြသ ထားပါတယ်။

မာကရွန်က၊ နိုင်ငံစုံဝါဒနဲ့ ဥရောပသမဂ္ဂရဲ့ ဖွံ့ဖြိုးရေးမှာ မကြုံစဖူးသော အကျပ်အတည်းကို ရင်ဆိုင် နေရကြောင်း၊ အမေရိကန် ထရန့်အစိုးရဲ့ တစ်ဖက်သတ်ဝါဒဟာ အရင်းအမြစ် နက်ရှိုင်း ခိုင်မြဲသဖြင့် ပြင်သစ်၊ ဂျာမဏီနဲ့ ဥရောပသမဂ္ဂ ခေါင်းဆောင်တို့က အမေရိကန်ကို သွားပြီး ကူးလူးဆက်ဆံမှု ပြုလုပ်တာရော၊ မိမိက ထရန့်နဲ့ ခင်မင်ရင်းနှီးစွာ ပေါင်းသင်းဆက်ဆံတာရော အကျိုးသက်ရောက်မှု တစ်စုံတစ်ခု ရရှိခြင်း မရှိကြောင်း၊ ထရန့်ဟာ ဥရောပက အမေရိကန်နဲ့ ကူးလူးဆက်ဆံရာမှာ အမေရိကန်ကို အချောင်နှိုက်ခြင်းကို မသည်းခံနိုင်သဖြင့် ဥရောပသမဂ္ဂနဲ့ ကုန်သွယ်ရေး စစ်ပွဲ ပြုလုပ်တာကို လက်မလွှတ်တဲ့အပြင် ဥရောပက အမေရိကန်အား စီးပွါးရေး အကျိုးစီးပွါးများကို ပြန်လျော်ပေးဖို့လည်း တောင်းခဲ့ကြောင်း၊ ဒါ့အပြင် အီရန် နျူကလီးယား ပြဿနာဆိုင်ရာ သဘောတူစာချုပ်၊ ရာသီဥတု ပြောင်းလဲမှု စတဲ့ ကိစ္စရပ်များနဲ့ ပတ်သက်ပြီးလည်း အမေရိကန်က ဥရောပ အကျပ်တွေ့အောင် လုပ်ပြီး နိုင်ငံတကာဆိုင်ရာ လှုပ်ရှားမှုများမှာ ဥရောပရဲ့ အရေးကြီး အောင်ကျိုးရလဒ်နဲ့ အစီအစဉ်များကို ထိခိုက်နေကြောင်း ပြောကြားပါတယ်။

နိုင်ငံတကာ စီမံခန့်ခွဲရေး ကိစ္စနဲ့ ပတ်သက်ပြီး မာကရွန်က၊ တရုတ်ပြည်ရဲ့ Belt and Road အဆိုပြုချက်ဟာ ဒေသအချို့ တည်ငြိမ်စေရေးဆိုင်ရာ အားသာချက်နဲ့ တစ်ကမ္ဘာလုံးဆိုင်ရာ အမျှော်အမြင် ရှိကြောင်း၊ ပြင်သစ်နိုင်ငံဟာ ညီမျှရေး ရှာကြံဖို့နဲ့ ကိုယ့်နိုင်ငံရဲ့ အကျိုးစီးပွါးကို ထိန်းသိမ်း ကာကွယ်ဖို့ မူနဲ့ တရုတ်နိုင်ငံနဲ့ အပြုသဘော ဆောင်တဲ့၊ ရည်မှန်းချက် ရှိတဲ့ ယုံကြည်စိတ် ရှိတဲ့ ဆွေးနွေးပွဲကို ပြုလုပ်မှာ ဖြစ်ကြောင်း ပြောကြားပါတယ်။

လက်ရှိ အချိန်မှာ နိုင်ငံစုံဝါဒကို တွန်းအားပေးရေးဟာ ပြင်သစ် အပါအဝင် ဥရောပ နိုင်ငံများရဲ့ သံတမန် ဆောင်ရွက်မှုမှာ အရှိန် မြင့်တက်လာရာ တစ်ရပ် ဖြစ်လာနေပါတယ်။ တရုတ်နဲ့ ဥရောပတို့ကလည်း နိုင်ငံစုံစနစ်နဲ့ တရားနည်းလမ်းကျ စည်းမျဉ်းစည်းကမ်းများကို ထိန်းသိမ်း ကာကွယ်ဖို့ အတွက် ကူးလူးဖလှယ်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုကို အားဖြည့်နေပါတယ်။ တရုတ်နဲ့ ဥရောပတို့ဟာ အပြန်အလှန် ယုံကြည်မှုနဲ့ နားလည်မှုကို တိုးမြှင့်ပြီး ရည်မှန်းချက် တူညီသော ဆောင်ရွက်မှုများကို တဆင့်တိုး ပြုလုပ်ရမှာ ဖြစ်ပါတယ်။

   Webradio