• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင့်ဖိန်သည် ကင်ညာသမ္မတနှင့်တွေ့ဆုံ

(GMT+08:00) 2018-09-05 12:06:13

ယခုလ ၄ ရက်နေ့က တရုတ်နိုင်ငံတော်ဥက္ကဋ္ဌရှီကျင့်ဖိန်သည် ပြည်သူ့ခန်းမဆောင်ကြီး ၌ ကင်ညာသမ္မတ ကင်ယာတာနှင့် တွေ့ဆုံနှုတ်ဆက်ခဲ့သည်ဟု စီအာအိုင်သတင်းအရသိရ သည်။

ထိုသို့တွေ့ဆုံရာတွင် ရှီကျင့်ဖိန်က တရုတ်-ကင်ညာဘက်စုံမဟာဗျူဟာ ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက် ဆက်ဆံရေးသည် လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်ပြီး နယ်ပယ်အသီးသီးမှ ပူးပေါင်းဆောင်ရွက်မှု သည် တရုတ်-အာဖရိကပူးပေါင်းဆောင်ရွက်မှု၏ ရှေ့တန်းနေရာတွင် တည်ရှိကြောင်းပြောကြားသည်။

ကင်ယာတာကလည်း တရုတ်-အာဖရိကပူးပေါင်းဆောင်ရွက်ရေးဖိုရမ် ပီကင်းထိပ်သီးအစည်းအဝေးသည် ဖိုရမ်၏ လာမည့်အဆင့် ဖွံ့ဖြိုးရေးဦးတည်ချက်ကို စီမံချက်ချပြီး အာဖရိက-တရုတ် အတူစည်ပင်ဝပြောရေးကို တိုးမြှင့်မည်ဖြစ်ကာ ဥက္ကဋ္ဌရှီကျင့်ဖိန်၏ ဦးဆောင်နိုင်မှုစွမ်းအားကို ကျေးဇူးတင်ကြောင်း ပြောကြားသည်။

တွေ့ဆုံပွဲအပြီး နှစ်နိုင်ငံအကြီးအကဲတို့၏ရှေ့မှောက်တွင် နှစ်ဖက်ပူးပေါင်းဆောင်ရွက် ရေးစာတမ်းများကို ချုပ်ဆိုခဲ့သည်ဟု သိရသည်။

   Webradio