• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

၂၈-ကြိမ်မြောက် အရှေ့အလယ်ဥရောပ စီးပွားရေးဖိုရမ်ကို ပိုလန်၌ စတင်ကျင်းပ

(GMT+08:00) 2018-09-05 11:00:33

        ၂၈ ကြိမ်မြောက် အရှေ့အလယ်ဥရောပ စီးပွားရေးဖိုရမ်ကို ယခုလ ၄ ရက်နေ့က ပိုလန်နိုင်ငံ တောင်ပိုင်းနယ်စပ်ဒေသရှိ ကရီနီကာခရိုင်၌ စတင်ကျင်းပခဲ့ရာ ယင်းအစည်းအဝေးသို့ တက်ရောက်ကြသူများသည် ဥရောပတိုက်၏ တန်ဖိုးနှင့်အကျိုးစီးပွားတို့နှင့်ပတ်သက်ပြီး ဘက်စုံ ဆွေးနွေးကြမည်ဖြစ်ကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

        ပိုလန်ဒုဝန်ကြီးချုပ် ဘီတာ-ဆီဒို၊ ဘူလ်ဂေးရီးယား ဒုဝန်ကြီးချုပ် ဗာလယ်ရီ-ဆီမယ်အိုနို့ဗ်နှင့် ယူကရီန်း ဒုဝန်ကြီးချုပ် စတယ်ပန်-ကူဘီတို့သည် ယင်းဖိုရမ်၏ ဖွင့်ပွဲအခမ်းအနားနှင့် ပထမအကြိမ် မျက်နှာစုံညီ အစည်းအဝေးသို့ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

   Webradio