• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

သန့်စင်စွမ်းအင်သည် တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်ရေးတွင် အရေးကြီးသော နယ်ပယ်တစ်ခု ဖြစ်မည်

(GMT+08:00) 2018-09-05 11:00:12

        ၂၀၁၈ခုနှစ် တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်ရေးဖိုရမ် ပီကင်းထိပ်သီးအစည်းအဝေးမှ အရေးကြီး လှုပ်ရှားမှုတစ်ရပ်ဖြစ်သည့် အာဖရိက စွမ်းအင် ကွန်ရက် ဖွံ့ဖြိုးရေးဖိုရမ်ကို ယခုလ ၄ ရက်နေ့က ပီကင်းမြို့၌ ကျင်းပခဲ့ရာ ယင်းဖိုရမ်သို့ တက်ရောက်ကြသည့် တရုတ်နှင့် အာဖရိကနိုင်ငံများမှ နိုင်ငံရေးနှင့် ကုန်သွယ်ရေးနယ်ပယ်မှ ပုဂ္ဂိုလ်များက တရုတ်-အာဖရိကနှစ်ဖက်တို့သည် သန့်စင်သော စွမ်းအင်လုပ်ငန်း နယ်ပယ်တွင် အပြန်အလှန် ဖြည့်စွက်ပြီး နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်ကာ အာဖရိက ဆက်တိုက် ဖွံ့ဖြိုးတိုးတက်ရေးကို အရေးကြီးသော အခန်းကဏ္ဍမှ တွန်းအားပေးကြမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု စီအာအိုင် သတင်းအရ သိရပါသည်။

   Webradio