• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

"စပျစ်သီး အချင် စိတ်နေစိတ်ထား"ဟာ တရုတ်-အာဖရိက လက်တွေ့ကျ ပူးပေါင်း ဆောင်ရွက်မှု ဖြစ်စဉ်ကို တားဆီးနိုင်မှာ မဟုတ်

(GMT+08:00) 2018-09-04 19:31:15

တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်ရေးဖိုရမ် ပီကင်း ထိပ်သီး အစည်းအဝေးမှာ တိုးတက် အောင်မြင်မှုများကို ရရှိပါတယ်။ ပြီးခဲ့တဲ့ ၁၈ နှစ်အတွင်း အနောက်နိုင်ငံနဲ့ မီဒီယာ တစ်ချို့က တလျှောက်လုံးဆိုသလို တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှု အပေါ် မယုံသင်္ကာ သို့မဟုတ် သရုပ်ဖျက်ဖို့ သဘောထားနေတယ်။ ဒါပေမဲ့ တရုတ်နဲ့ အာဖရိက ဆက်ဆံမှုဟာ တလျှောက်လုံး ဆိုသလို ဦးလည်မသုန် ချီးတက်လာနေကာ လက်တွေ့ကျ အောင်ကျိုးရလဒ်များကို အဆက်မပြတ် ရရှိနေခဲ့ပါတယ်။ ဒီအကြိမ် ပီကင်း ထိပ်သီး အစည်းအဝေး ရှေ့နောက်မှာ အနောက်မီဒီယာနဲ့ တတ်သိပညာရှင်များ အဖွဲ့ တစ်ချို့ဟာ စတင် ပကတိကျကျ သတင်းများကို ထုတ်ပြန် သုံးသပ်လာနေတာကို တွေ့ရပါတယ်။

၂၀၁၅ ခုနှစ်က အမေရိကန် ဟော်ဘ်ကင် တက္ကသိုလ်မှ တရုတ်-အာဖရိက သုတေသန အဖွဲ့ဟာ၊ အာဖရိကနိုင်ငံများဟာ တရုတ်ပြည်ရဲ့ ဘဏ်ချေးငွေကို ပြန်မဆပ် နိုင်ဘူးလို့ ဆိုခဲ့ဖူးတယ်။ ဒါပေမယ့် မကြာခင်က အဲဒီအဖွဲ့ကပဲ အစီရင်ခံစာကို ထုတ်ပြန်ပြီး၊ တရုတ်ပြည်ရဲ့ ချေးငွေဟာ အာဖရိက ကြွေးမြီရဲ့ အဓိက အကြောင်းရင်း မဟုတ်ဘဲ အာဖရိကရဲ့ ကြွေးမြီဟာ များပြားသော နိုင်ငံတကာ ငွေကြေး အဖွဲ့များမှ လာတာ ဖြစ်တယ်လို့ ဖေါ်ပြထားပါတယ်။

အရင်တုန်းက အနောက်မီဒီယာများမှာ တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းစဉ်များမှာ အာဖရိက နိုင်ငံများအတွက် အလုပ်အကိုင်နေရာများကို ဖန်တီးပေးခြင်း မရှိဘူးလို့ အကြိမ်ကြိမ် သတင်းဖြန့်ခဲ့ဖူးတယ်။ ဒါကို ရည်စူးပြီး အမေရိကန် CNN သတင်း ကွန်ရက် ဝက်ဘဆိုဒ်မှာ မက္ကစင်မှ ထုတ်ပြန်သော အစီရင်ခံစာကို ကိုးကားပြီး၊ တရုတ်နိုင်ငံဟာ အာဖရိကနိုင်ငံများမှာ အလုပ်အကိုင် နေရာ သန်းပေါင်းများစွာကို ဖန်တီးပေးပြီး ၃ ပုံ ၂ ပုံသော တရုတ် လုပ်ငန်း ကုမ္ပဏီများဟာ ဒေသခံ ဝန်ထမ်းများကို အတတ်နည်းပညာဆိုင်ရာ လေ့ကျင့် ပျိုးထောင်မှုများကိုလည်း ပြုလုပ်ပေးခဲ့တယ်လို့ ရေးသားဖေါ်ပြထားပါတယ်။ အထက်ပါ အစီရင်ခံစာမှာ အာဖရိကနိုင်ငံရှိ တရုတ် ကုမ္ပဏီ ၁၀၀၀ ကျော် အကြောင်းကို စစ်တမ်း ကောက်ယူပြီး အဲဒီ ကုမ္ပဏီများမှ ဝန်ထမ်း ၈၉ ရာခိုင်နှုန်းဟာ ဒေသခံ အာဖရိကသားများ ဖြစ်တယ်လို့ ဖေါ်ပြထားပါတယ်။

မကြာခင်က ဗြိတိန်နိုင်ငံ ငွေကြေး တိုင်းမ်စ် သတင်းစာ ဝက်ဘဆိုဒ်မှာ၊ တရုတ်ပြည်ရဲ့ အသွင်ပုံစံဟာ အာဖရိကနဲ့ မကိုက်ညီဘူးလို့ ဆောင်းပါး တစ်ပုဒ် ရေးသားထားတယ်။ ဒါပေမယ့် ဗြိတိန် BBC ကတော့၊ အာဖရိက နိုင်ငံများစွာတို့က တရုတ် အသွင်ပုံစံကို အားပေး ထောက်ခံနေတယ်လို့ ရေးသားဖေါ်ပြပါတယ်။ အာဖရိက ဖွံ့ဖြိုးရေးဘဏ် ဥက္ကဋ္ဌ အာဒေစီနာက၊ တရုတ်နိုင်ငံဟာ အာဖရိကရဲ့ မိတ်ဆွေကောင်းဖြစ်တယ်လို့ ပြောဆိုတဲ့ အကြောင်းကိုလည်း BBC က ရေးသားဖေါ်ပြထားပါတယ်။

နိုဗယ်ဆုရသူ စတီဂလီဇ်က၊ တရုတ်နိုင်ငံရဲ့ အာဖရိကနိုင်ငံများမှာ ကြိုးပမ်း ဆောင်ရွက်မှု အပေါ် နောက်နိုင်ငံများရဲ့ ပြစ်တင်ဝေဖန်ခြင်းဟာ "စပျစ်သီး အချင် စိတ်နေစိတ်ထား" ပဲ ဖြစ်တယ်လို့ သုံးသပ် ဝေဖန်ထားတယ်။

တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှု လမ်းကြောင်းဟာ အပြန်အလှန် အကျိုး ရှိစေရေး ပူးပေါင်းဆောင်ရွက်မှု လမ်းကြောင်းပဲ ဖြစ်တယ်။ ပီကင်း ထိပ်သီး အစည်းအဝေးမှာ တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်က၊ လာမယ့် သုံးနှစ် အပါအဝင် လာမယ့် အချိန်ပိုင်း တစ်ပိုင်း အတွင်း တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှု ၈ ရပ်မှာ ကုန်ထုတ်လုပ်မှု တိုးမြှင့်ခြင်း၊ အဆောက်အအုံများ ဆက်သွယ်ခြင်း၊ မြစိမ်းရောင် ဖွံ့ဖြိုးခြင်း၊ ငြိမ်းချမ်ရေးနှင့် လုံခြုံရေး စတဲ့ နယ်ပယ်များကို အဓိကထား တွန်းအားပေး ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း တင်ပြထားပါတယ်။

   Webradio