• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဘက်စုံ ကုန်သွယ်ရေး စနစ် ထိန်းသိမ်းကာကွယ်ရေးသည် အရှေ့အာရှ စီးပွား ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု၏ အဓိက အလေးထားချက်ဖြစ်

(GMT+08:00) 2018-09-04 15:31:53

ယခုလ ၁ရက်နေ့က အရှေ့အာရှ ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ စီးပွားကုန်သွယ် ရေးဝန်ကြီးများ အစည်းအဝေးများကို အာဆီယံ အလှည့်ကျ သဘာပတိ စင်ကာပူ နိုင်ငံတွင် ကျင်းပပြီးစီးခဲ့ကြောင်း တရုတ် people.cnတွင် ဖော်ပြထားသည်။

ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု လွတ်လပ်စွာ ပြုလုပ်ရေးနှင့် လွယ်ကူစေရေးကို တိုးမြှင့်ရန် ရည်ရွယ်ထားသော ပူးပေါင်းဆောင်ရွက်ရေး စာချုပ်များကို အာဆီယံ စီးပွားကုန်သွယ်ရေး ဝန်ကြီးများ အစည်းအဝေးတွင် အတည်ပြုခဲ့ကြောင်း၊ စင်ကာပူ ကုန်သွယ်ရေးနှင့် စက်မှုလုပ်ငန်း ဝန်ကြီး ချင်ကျင့်ရှင်းက အစည်းအဝေး အပြီးတွင် သတင်းစာ ရှင်းလင်းပွဲ၌ ဒေသတွင်း ဘက်စုံ စီးပွားရေး မိတ်ဖက် ဆက်ဆံမှု သဘောတူ စာချုပ်(RCEP) ဆိုင်ရာ ဆွေးနွေးပွဲသည် စိန်ခေါ်မှု အများဆုံးသော အဆင့်ကာလတွင် ဝင်ရောက်ခဲ့ကြောင်း၊ အာဆီယံ အနေနှင့် ဆွေးနွေးဖက်များနှင့် အတူ ကုန်သွယ်မှု လွတ်လပ်စွာ ပြုလုပ်ရေးနှင့် စီးပွားရေး တပြေးညီ ဖြစ်စေရေး အကောင်အထည် ဖော်ရန် အတွက် ပူးပေါင်းဆောင်ရွက်သွားကြမည် ဖြစ်ကြောင်း ပြောကြားသည်ဟု သိရသည်။

ယခု အကြိမ် အရှေ့အာရှ ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ စီးပွားကုန်သွယ် ရေးဝန်ကြီးများ အစည်းအဝေးများ ကျင်းပစဉ် အတွင်း ၁၇ကြိမ်မြောက် တရုတ်-အာဆီယံ (10+1)စီးပွားကုန်သွယ်ရေး ဝန်ကြီးများ အစည်းအဝေး၊ ၂၁ကြိမ်မြောက် အာဆီယံ -တရုတ်၊ ဂျပန်၊ တောင်ကိုးရီးယား (10+3) စီးပွားကုန်သွယ်ရေး ဝန်ကြီးများ အစည်းအဝေး၊ ဆဌမအကြိမ်မြောက် RCEP ဝန်ကြီးအဆင့် အစည်းအဝေးနှင့် ဆဌမ အကြိမ်မြောက် အရှေ့ အာရှ ထိပ်သီး အစည်းအဝေး အဖွဲ့ဝင် နိုင်ငံများမှ စီးပွားကုန်သွယ်ရေး ဝန်ကြီးများ အစည်းအဝေးစသည်များကိုလည်း ကျင်းပခဲ့ကြောင်း၊ အရှေ့ အာရှ စီးပွားကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုတွင် တရုတ်ပြည်မှ အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင် ဆောင်ရွက်ခြင်း အပေါ် အစည်းအဝေး တက်ရောက်သူများသည် ကျယ်ပြန့်စွာ အသိအမှတ်ပြုကြကြောင်း သိရသည်။

   Webradio