• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

လမ်ဆန်-မဲခေါင်မြစ် လူငယ်ခေါင်းဆောင်များယဉ်ကျေးမှု လက်တွေ့လေ့လာလှုပ်ရှားမှုကို တရုတ်ကူမင်းမြို့တွင် ဖွင့်လှစ်

(GMT+08:00) 2018-09-04 14:24:20

ယခုလ ၃ရက်နေ့က လမ်ဆန်း-မဲခေါင်မြစ် လူငယ်ခေါင်းဆောင်များယဉ်ကျေးမှု လေ့တွေ့လေ့လာလှုပ်ရှားမှုကို တရုတ်ကူမင်းမြို့တွင် ဖွင့်လှစ်ခဲ့ကြောင်း၊ တရုတ်၊ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်မှလူငယ်ကိုယ်စားလှယ် ၁၂၀ဦးသည် ၎င်းလှုပ်ရှားမှုသို့တက်ရောက်ခဲ့ကြကြောင်း တရုတ်သတင်းဌာနမှ သတင်းအရ သိရပါသည်။

ယင်းလှုပ်ရှားမှုကို တရုတ်တစ်ပြည်လုံး လူငယ်များသမဂက ကြီးမှူးကျင်းပပြီး ယူနန်ပြည်နယ် လူငယ်များသမဂက လက်ခံကျင်းပကြောင်း၊ လမ်ဆန်-မဲခေါင်မြစ်ဆိုင်ရာ နိုင်ငံအသီးသီးအပေါ် ယူနန်ပြည်နယ်၏ ပထဝေအနေအထား၊သဘာဝသယံဇာတနှင့် ယဉ်ကျေးမအရင်းအမြစ်အပါအဝင်အားသာချက်များကိုအသုံးပြု၍ ယင်းနိုင်ငံများအကြား လူငယ်များ၏ချစ်ကြည် ရင်းနှီးမှု၊ ကူးလူးဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကိုတိုးမြင့်စေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း သိရပါသည်။

   Webradio