• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်-အာဖရိက ခေါင်းဆောင်များနှင့် စက်မှုကုန်သွယ်မှုလောကမှ ကိုယ်စားလှယ်များ အဆင့်မြင့် ဆွေးနွေးပွဲတွင် ရှီကျင့်ဖိန်၏ မိန့်ခွန်းကို အာဖရိက နယ်ပယ်အသီးသီးတို့ ချီးကျူး

(GMT+08:00) 2018-09-04 11:54:22

        ယခုလ ၃ ရက်နေ့က တရုတ်နိုင်ငံတော်ဥက္ကဋ္ဌ ရှီကျင့်ဖိန်က တရုတ်-အာဖရိက ခေါင်းဆောင်များနှင့် စက်မှုကုန်သွယ်မှုလောကမှ ကိုယ်စားလှယ်များ အဆင့်မြင့် ဆွေးနွေးပွဲ၊ ဆဋ္ဌမအကြိမ် တရုတ်-အာဖရိက လုပ်ငန်းရှင်များအစည်းအဝေး ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး "ချမ်းသာရေး လမ်းကြောင်းသို့ အတူလျှောက်လှမ်းကြစို့ " ခေါင်းစဉ်ဖြင့် မိန့်ခွန်းကို ပြောကြားခဲ့ရာ အာဖရိကနိုင်ငံများသည်  Belt & Road အတူတည်ဆောက်ရေးတွင် ပါဝင်ရန် တရုတ်ပြည်ကထောက်ခံအားပေးပြီး အာဖရိကနှင့် ဘက်ပေါင်းစုံဆက်သွယ်မှုကို အားသစ်လောင်းပေးကာ နိုင်ငံတော် အခြေအနေနှင့် ကိုက်ညီ ပြီး သက်ညှာထောက်ထားကာ အပြန်အလှန် အကျိုးရှိစေသော အရည်းအသွေးမြင့် ဖွံ့ဖြိုးရေးလမ်းကြောင်းကို ဖန်တီး၍ ပြည်သူ့နေထိုင်မှု ပိုမိုကောင်းမွန်သော ချမ်းသာရေး လမ်းကြောင်းသို့ အတူလျှောက်လှမ်းလိုကြောင်း ပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းအရ သိရသည်။

        ဥက္ကဋ္ဌရှီကျင့်ဖိန်၏ အဆိုပါမိန့်ခွန်းပြောကြားခြင်းကို အာဖရိက နယ်ပယ်အသီးသီးတို့ ချီးကျူးကြပြီး ယင်းမိန့်ခွန်းသည် အာဖရိကနိုင်ငံများ Belt & Road အတူတည်ဆောက်ရေးတွင် ပါဝင်ရန်နှင့် တရုတ်ပြည်ဘက်နှင့်အတူ ပိုမို ရင်းနှီးသော တရုတ်-အာဖရိက ကံကြမ္မာအသိုက်အဝန်းကို တည်ဆောက်ရန်အတွက် လမ်းညွှန်ပေးခဲ့ကြောင်း ယူဆကြသည်။

        ကင်ညာ တတ်သိပညာရှင်များအဖွဲ့ဖြစ်သော အာဖရိက ဒီမိုကရေစီနှင့် ခေါင်းဆောင်နိုင်စွမ်း သုတေသနဌာန အမှုဆောင်ဒါရိုက်တာ ဒိန်နစ္စ-ကိုဒီက အပြန်အလှန်ဆက်နွှယ်မှုသည် အာဖရိကနိုင်ငံများ၏ ဆင်ရဲမွဲတေမှု ပပျောက်ရေးနှင့် ခေတ်မီလာရေးကို အကူအညီပေးတဲ့အပြင် တရုတ်လုပ်ငန်းကုမ္ပဏီများ ပြည်ပသို့ သွားရောက်ခြင်းကိုလည်း တွန်းအားပေးကြောင်း၊ ဥက္ကဋ္ဌရှီကျင့်ဖိန်၏ အရည်းအသွေးမြင့် ဖွံ့ဖြိုးရေးလမ်းကြောင်းကို ဖန်တီးခြင်း ပြောဆိုချက်သည် အာဖရိက၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် အကူအညီပေးပြီး အာဖရိက အငြင်းပွားမှုများ၏ မူရင်းပြဿနာကို ဖြေရှင်းပေးခြင်းဖြစ်ကြောင်း ပြောကြားသည်။

        အီသီယိုပီးယားနိုင်ငံ အာဒစ္စ-အာဘာဘာ တက္ကသိုလ်မှ ပါမောက္ခ ကော့စ်-ကောင်စတန်တီနို့စ်က အီသီယိုပီးယားနိုင်ငံသည် အာဖရိက-တရုတ် ပူးပေါင်းဆောင်ရွက်မှုတွင် အကျိုးစီးပွား များစွာ ရရှိခဲ့ကြောင်း၊ Belt & Road မူဘောင်အောက်တွင် အီသီယိုပီးယားနိုင်ငံမှ စက်မှုဇုန်၊ လေဆိပ်သစ် အစရှိသော တည်ဆောက်ရေးလုပ်ငန်းရပ်များသည် အီသီယိုပီးယားနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို အင်အားတောင့်တင်းစွာ တွန်းအားပေးမည်ဖြစ်ကြောင်း ပြောကြားသည်။

        တန်ဇန်းနီးယား ဖွံ့ဖြိုးရေး ပေါ်လစီ သုတေသနဌာန အဆင့်မြင့် သုတေသီ ဘရန်ဒီနာ ကီရာမာက လွန်ခဲ့သည့်နှစ်များအတွင်း တန်ဇန်းနီးယားနိုင်ငံသို့ လာရောက် ရင်းနှီးမြှုပ်နှံသော တရုတ်လုပ်ငန်းကုမ္ပဏီ များသထက်များလာပြီး ဒေသခံ ပြည်သူများအတွက် အလုပ်အကိုင် နေရာချထားရေး အခွင့်ကောင်း များစွာ ဖန်တီးပေးကြောင်း၊ တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်ရေးဖိုရမ် ပီကင်း ထိပ်သီး အစည်းအဝေးသည် တရုတ်နှင့် အာဖရိကနိုင်ငံများအကြား ပိုမိုနက်ရှိုင်းစွာ ကူးလူးဖလှယ်ရေးအတွက် လမ်းကြောင်းတိုးချဲ့ပြီး ယင်းတန်ဖိုးရှိလှသော အခွင့်ကောင်းကို မိမိတို့အနေနှင့် စွဲကိုင်ရမည်ဖြစ်ကြောင်း ပြောကြားသည်။

   Webradio