• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အိန္ဒိယ ရေလွှမ်းမိုးမှုများဖြစ်ပွါး၊ သေဆုံးသူ ဦးရေ ၁၄၀၀ ကျော်ရှိ

(GMT+08:00) 2018-09-04 10:00:45

အိန္ဒိယ ပြည်ထဲရေး ဝန်ကြီးဌာနက၊ ယခုနှစ် မိုးရာသီအတွင်း အိန္ဒိယ၌ ဖြစ်ပွါးသော ရေလွှမ်းမိုးမှုများတွင် သေဆုံးသူ ဦးရေမှာ ၁၄၀၀ ကျော် ရှိပြီ ဖြစ်ကြောင်း၊ ယင်းတို့ အနက် ရေဘေး အခြေအနေ အပြင်းထန်ဆုံးသော ကာရာလာပြည်နယ်တွင် သေဆုံးသူ ဦးရေမှာ ၄၈၈ ဦး ရှိကြောင်း ယခုလ ၃ ရက်နေ့က သတင်း ထုတ်ပြန်ခဲ့သည်ဟု ဆင်ဟွာသတင်းအရ သိရပါသည်။

အိန္ဒိယ ပြည်ထဲရေး ဝန်ကြီးဌာန နိုင်ငံရေး အရေးပေါ်ရေးရာ စင်တာမှ ထုတ်ပြန်သော စာရင်းအရ၊ ကာရာလာပြည်နယ်တွင် နှစ် ၁၀၀ အတွင်း အပြင်းထန်ဆုံးသော ရေဘေးကြီး ဖြစ်ပွါးခဲ့ရာ လူ ၅၄ သိန်းကျော် ဘေးသင့်ကာ စိုက်ပျိုးမြေ ဟက်တာပေါင်း ၅၇၀၀၀ ကျော် ရေလွှမ်းမိုးမှု ခံခဲ့ရကြောင်း သတင်းရရှိပါသည်။

   Webradio