• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်ရေးဖိုရမ် ပီကင်း ထိပ်သီး အစည်းအဝေးတွင် ရှီကျင့်ဖိန်သည် အနာဂတ် ပူးပေါင်း ဆောင်ရွက်မှု ၈ ရပ် တင်ပြ

(GMT+08:00) 2018-09-04 09:33:53

၂၀၁၈ ခုနှစ် တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်ရေးဖိုရမ် ပီကင်း ထိပ်သီး အစည်းအဝေးကို ယခုလ ၃ ရက်နေ့က ပီကင်း ပြည်သူ့ခန်းမဆောင်ကြီး၌ ခမ်းနား သိုက်မြိုက်စွာ ဖွင့်လှစ်ခဲ့ရာ တရုတ် နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ဖွင့်ပွဲ အခမ်းအနားတွင် မိန့်ခွန်း ပြောကြားပါသည်။

ဥက္ကဋ္ဌ ရှီကျင့်ဖိန်က၊ တရုတ်နှင့် အာဖရိက နိုင်ငံများသည် လက်တွဲ ကြိုးပမ်းပြီး၊ တာဝန်ဝတ္တရားများ အတူ ထမ်းဆောင်ပြီး win-win ပူးပေါင်းဆောင်ရွက်သော၊ ချမ်းမြေ့မှုကို အတူ မျှဝေခံစားပြီး ယဉ်ကျေးမှု အတူ ထွန်းကားသော၊ လုံခြုံပြီး သင့်မြတ်ဖေါ်ရွေစွာ အတူ ယှဉ်တွဲနေထိုင်သော ကံကြမ္မာ အသိုက်အဝန်းကို ထူထောင်ရမည် ဖြစ်ကြောင်း၊ ကုန်ထုတ်လုပ်မှု တိုးမြှင့်ရေး၊ အဆောက်အအုံ အပြန်အလှန် ဆက်သွယ်ရေး၊ ကုန်သွယ်မှု ချောမွေ့ အဆင်ပြေစေရေး၊ မြစိမ်းရောင် ဖွံ့ဖြိုး တိုးတက်ရေး၊ စွမ်းအား ထူထောင်ရေး၊ ကျန်းမာရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှု ကူးလူးဖလှယ်ရေး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေး အပါအဝင် ဆောင်ရွက်မှု ၈ ရပ်ကို အဓိကထား တွန်းအားပေးရမည် ဖြစ်ကြောင်း ပြောကြားပါသည်။

   Webradio