• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ပြည်သည် အာဖရိကနိုင်ငံများနှင့်အတူ ပိုမိုရင်းနှီးသော ကံကြမ္မာအသိုက်အဝန်း တည်ဆောက်လိုဟု ရှီကျင့်ဖိန်ဆို

(GMT+08:00) 2018-09-03 17:53:54

        တရုတ်နိုင်ငံတော်ဥက္ကဋ္ဌ ရှီကျင့်ဖိန်က တရုတ်ပြည်သည် တာဝန်ကို အတူထမ်းဆောင်၊ ပူးပေါင်းဆောင်ရွက်မှုဖြင့် အကျိုးတူရရှိ၊ ချမ်းမြေ့သာယာမှုကို မျှဝေခံစား၊ ယဉ်ကျေးမှုကို လက်တွဲတွန်းအားပေး၊ လုံခြုံမှုကို အတူ ကာကွယ်ထိန်းသိမ်း၊ သင့်မြတ်သာယာစွာ အတူနေထိုင်ကြသော တရုတ်-အာဖရိက ကံကြမ္မာအသိုက်အဝန်းကို အာဖရိကနိုင်ငံများနှင့် အတူတကွ တည်ဆောက်လိုကြောင်း၊ တရုတ်-အာဖရိက နှစ်ဖက်တို့သည် နိုင်ငံရေး ဆွေးနွေးမှုနှင့် ပေါ်လစီ အပြန်အလှန် ကူးလူးဖလှယ်မှု အဆင့်ဆင့် တိုးချဲ့ပြီး ပူးပေါင်းဆောင်ရွက်မှု နယ်ပယ်သစ်များကို ဖွင့်လှစ်ကာ စီးပွားရေးနယ်ပယ်သစ်များမှ အများပြည်သူ စူးစိုက်ရာနေရာများတွင် ပိုမိုလျင်မြန်စွာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တရုတ်-အာဖရိက ပြည်သူများအတွက် ကိုယ်ထိလက်ရောက် ခံစားနိုင်ကြသော အောင်ကျိုးရလဒ်နှင့် အကျိုးစီးပွားကို ဖန်းတီးပေးရမည်ဖြစ်ကြောင်း၊ ယဉ်ကျေးမှု၊ အနုပညာ၊ ပညာရေးနှင့်  အားကစားစသည့် နယ်ပယ်အသီးသီးတို့မှ ပုဂ္ဂိုလ်များ အပြန်အလှန် ကူးလူးဖလှယ်မှုကို တိုးမြှင့်ပြီး အာဖရိကနိုင်ငံများနှင့် အာဖရိကသမဂ္ဂ အစရှိသော ဒေသတွင်း အဖွဲ့အစည်းများအနေနှင့် အာဖရိကနည်းလမ်းဖြင့် အာဖရိက ပြဿနာများကို ဖြေရှင်းရန် ပြတ်ပြတ်သားသား ထောက်ခံကာ ရာသီဥတု ပြောင်းလဲမှု အစရှိသော ဂေဟစနစ် ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးနယ်ပယ်များမှ ပြဿနာများကို ဖြေရှင်းရာတွင် ကူးလူးဖလှယ်မှုကို တိုးမြှင့်ရမည်ဖြစ်ကြောင်း ယနေ့ တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်ရေးဖိုရမ် ပီကင်းထိပ်သီးအစည်းအဝေးတွင် ပြောကြားခဲ့သည်။

   Webradio