|
||||||||
|
|||||||||||||
တရုတ်နိုင်ငံတော်ဥက္ကဋ္ဌရှီကျင့်ဖိန်က အာဖရိကတိုက် ၂၀၃၀ပြည့်နှစ်မရောက်ခင် စားနပ်ရိက္ခာလုံခြုံရေးကို အခြေခံအားဖြင့် အကောင်အထည်ဖေါ်ရန် တရုတ်ပြည်က ထောက်ခံအားပေးပြီး အာဖရိကနှင့်အတူ တရုတ်-အာဖရိက လယ်ယာစိုက်ပျိုးရေး ခေတ်မီစေရေးပူးပေါင်းဆောင်ရွက်မှုစီမံချက်နှင့် လုပ်ငန်းစီမံချက်ကို ရေးဆွဲချမှတ်ပြီး ဆောင်ရွက်ကာ လယ်ယာစိုက်ပျိုးရေးထောက်ပံ့မှုလုပ်ငန်း ၅၀ကို ဆောင်ရွက်၍ အာဖရိက ဘေးသင့်နိုင်ငံများအတွက် အရေးပေါ် စာနာထောက်ထားရေး စားနပ်ရိက္ခာထောက်ပံ့မှု အဖြစ် ယွမ် ၁ ဘီလီယံကို ပံ့ပိုးပြီး အာဖရိကသို့ အဆင့်မြင့်လယ်ယာစိုက်ပျိုးရေးပညာရှင် ၅၀၀ ဦးကို စေလွှတ်မည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် တရုတ်နိုင်ငံ၌ တရုတ်-အာဖရိကစီးပွားကုန်သွယ်ရေးကုန်စည်ပြပွဲကို တည်ထောင်ရန်ဆုံးဖြတ်ကြောင်း၊ တရုတ်ကုမ္ပဏီများ အာဖရိကသို့ ရင်းနှီးမြှုပ်နှံပြီး အာဖရိက၌ စီးပွားကုန်သွယ်မှု ပူးပေါင်းဆောင်ရွက်ရေးဇုန်များကို တည်ထောင်ခြင်း သို့မဟုတ် အဆင့်မြှင့်တင်မည်ဖြစ် ကြောင်း ယနေ့ ပြောကြားသည်။
|