• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်တွင် အဖွဲ့ဝင်နိုင်ငံ ၃ နိုင်ငံ တိုးများ

(GMT+08:00) 2018-09-03 17:18:52

ယနေ့တွင် တရုတ်နိုင်ငံတော်ဥက္ကဋ္ဌရှီကျင့်ဖိန်သည် ဂမ်ဘီယာ၊ ဆောတိုမီနှင့် ပရင်စီပီ၊ ဘာကီနာဖာဆို စသည့် သုံးနိုင်ငံမှ ကိုယ်စာလှယ်အဖွဲ့များ တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်ရေးဖိုရမ် ပီကင်းထိပ်သီးအစည်းအဝေးအဝေးသို့ တက်ရောက်လာခြင်း အပေါ် လှိုက်လှဲစွာ ကြိုဆိုကြောင်း ပြောကြားသည်။ တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်ရေးဖိုရမ် အဖွဲ့ဝင်နိုင်ငံသစ်များအနေနှင့် အဆိုပါသုံးနိုင်ငံတို့သည် ၂၀၁၆ခုနှစ် မတ်လ၊ ၂၀၁၆ခုနှစ် ဒီဇင်ဘာလ နှင့် ၂၀၁၈ခုနှစ် မေလက တရုတ်နိုင်ငံနှင့် သံတမန်အဆက်အသွယ် ပြန်လည်ထားရှိခဲ့ကြသည်။ ယခုအချိန်အထိ တရုတ်ပြည်သည် အာဖရိကနိုင်ငံ ၅၃ နိုင်ငံတို့နှင့် သံတမန်အဆက်အသွယ်ထားရှိပြီဖြစ်ပြီး  အာဖရိကနိုင်ငံ ၂၄ နိုင်ငံနှင့် ဘက်စုံ မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်မှု မိတ်ဘက်ဆက်ဆံမှု အစရှိသော ဆက်ဆံမှုများကို ထားရှိနေပြီဖြစ်ကြောင်း သိရပါသည်။

   Webradio