• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

၂၀၁၈ ခုနှစ် တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်ရေးဖိုရမ် ပီကင်း ထိပ်သီး အစည်းအဝေး ကျင်းပ

(GMT+08:00) 2018-09-03 16:59:30

၂၀၁၈ ခုနှစ် တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်ရေးဖိုရမ် ပီကင်း ထိပ်သီး အစည်းအဝေးကို ယခုလ ၃ ရက်နေ့ ညနေပိုင်းက ပီကင်း ပြည်သူ့ခန်းမဆောင်ကြီး၌ ဖွင့်လှစ်ခဲ့ရာ တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် အစည်းအဝေးတွင် မိန့်ခွန်း ပြောကြားပါသည်။

အာဖရိကနိုင်ငံမှ ထိပ်သီးခေါင်းဆောင် သို့မဟုတ် ကိုယ်စားလှယ် ၅၃ ဦး၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဂူတာရက်စ်၊ အာဖရိကသမဂ္ဂ ကော်မတီ ဥက္ကဋ္ဌ၊ နိုင်ငံတကာနှင့် ဒေသရေးရာ အဖွဲ့အစည်း၂၇ ခုမှ အကဲခတ်များသည် အစည်းအဝေးသို့ တက်ရောက်ခဲ့ကြပါသည်။

   Webradio