• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အာဖရိကမီဒီယာများသည် တရုတ်-အာဖရိကပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်ပီကင်းထိပ်သီး အစည်းအဝေးကို အာရုံစိုက်

(GMT+08:00) 2018-09-03 16:34:25

တရုတ်-အာဖရိကပူးပေါင်းဆောင်ရွက်ရးဖိုရမ်ပီကင်းထိပ်သီးအစည်းအဝေးကို ယခုလ၃ရက်နေ့က ပီကင်းမြို့၌ ဖွင့်လှစ်မည်ဖြစ်၍ အီဂျစ်နိုင်ငံမှ AI-Aharm Newspaperသတင်းစာ၊ ကင်ညာနိုင်ငံမှ Nation Dailyသတင်းစာနှင့် တောင်အာဖရိကနိုင်ငံမှ Independent Onlineသတင်းစာစသော အာဖရိကနိုင်ငံများမှ မီဒီယာများသည် ဆက်တိုက်မြင့်မားစွာ အာရုံစိုက်နေကြကြောင်း စီအာအိုင်သတင်း အရသိရပါသည်။

အီဂျစ်နိုင်ငံAI-Aharm Newspaperသတင်းစာမှ ယခုလ၂ရက်နေ့က ခေါင်းကြီးပိုင်း၌ ဆောင်းပါးတစ်ပုဒ်ကို ထုတ်ပြန်ပြီး နောက်အဆင့်ကာလတွင် တရုတ်-အီဂျစ် နှစ်နိုင်ငံတို့သည် ရရှိခဲ့သော စွမ်းအင်၊ နည်းပညာ၊ အကြမ်းဖက်မှုတိုက်ခိုက်ရေးစသော နယ်ပယ်များတွင်ပူးပေါင်းဆောင်ရွက်မှု အောင်မြင်မှုရလဒ်များဖြင့် တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှု အတွက် ဝန်ဆောင်ပေးမည်ဖြစ်ကြောင်း ရေးသားထုတ်ပြန်ခဲ့သည်ဟု သတင်းရရှိပါသည်။

   Webradio