• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင့်ဖိန်သည် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဂူတယ်ရက်စ်နှင့်တွေ့ဆုံ

(GMT+08:00) 2018-09-03 10:40:44

တရုတ်နိုင်ငံတော်ဥက္ကဋ္ဌရှီကျင့်ဖိန်သည် ယခုလ ၂ ရက်နေ့က ပြည်သူ့ခန်းမဆောင်ကြီး ၌ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဂူတယ်ရက်စ်နှင့် တွေ့ဆုံနှုတ်ဆက်ခဲ့သည်ဟု ဆင်ဟွာသတင်းအရသိရသည်။

ရှီကျင့်ဖိန်က ကုလသမဂ္ဂသည် ဘက်ပေါင်းစုံဝါဒ၏အလံဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် တဖက်သတ်ဝါဒနှင့် ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒ ဦးမော့လာပြီး နိုင်ငံတကာစည်းစနစ်နှင့် တစ်ကမ္ဘာလုံး စီမံခန့်ခွဲရေးစည်းစနစ်ကို ထိခိုက်ကာ ကမ္ဘာကြီးသည် ဘက်ပေါင်းစုံဝါဒကို ယခင်ထက် ပိုမိုလိုအပ်၍ အင်အားတောင့်တင်းသော ကုလသမဂ္ဂကို ပိုမိုလိုအပ်လာကြောင်း ပြောကြားသည်။

   Webradio