• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

WTO မှ ကန်နှုတ်ထွက်လျှင် ကန်စီးပွားရေး ဗ​ရုတ်​သုက္ခ​ဖြစ်မည်ဟု အဇယ်ဗယ်ဒိုဆို

(GMT+08:00) 2018-09-03 10:28:23

        ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ ဒါရိုက်တာချုပ် ရိုဘာတို-အဇယ်ဗယ်ဒိုက အမေရိကန်နိုင်ငံ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့မှ နှုတ်ထွက်သွားလျှင် ကမ္ဘာတစ်ဝှမ်းရှိ  အမေရိကန် စီးပွားရေး လုပ်ငန်းကုမ္ပဏီများသည် ဗရုတ်သုက္ခဖြစ်မည်ဟု ယခုလ ၁ ရက်နေ့က ဘလူမာဘယ်ဂ်သတင်းထောက်အား ပြောကြားခဲ့သည်ဟု စီအာအိုင် သတင်းအရ သိရပါသည်။

        သြဂုတ်လ ၃၀ ရက်နေ့က အမေရိကန်သမ္မတ ထရန့်သည် အမေရိကန်နိုင်ငံအနေနှင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့မှ နှုတ်ထွက်သွားမည်ဟု ခြိမ်းခြောက်ပြောကြားပြီးနောက် အဇယ်ဗယ်ဒိုက ထိုသို့ပြောကြားသွားခြင်းဖြစ်သည်။

   Webradio