• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

၁၈ကြိမ်မြောက် အာရှ အားကစားပြိုင်ပွဲ ကျင်းပပြီးစီး

(GMT+08:00) 2018-09-03 10:03:59

၁၈ကြိမ်မြောက် အာရှ အားကစားပြိုင်ပွဲကို စက်တင်ဘာလ ၂ရက်နေ့ညက အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တော်၌ ကျင်းပပြီးစီးခဲ့ကြောင်း၊ တရုတ်ကိုယ်စားလှယ်အဖွဲ့ သည် ရွှေတံဆိပ် ၁၃၂ခု၊ ငွေတံဆိပ် ၉၂ခု၊ ကြေးတံဆိပ် ၆၅ခုဖြင့် တံဆိပ်စုစုပေါင်း၂၈၉ခု ဆွတ်ခူးရရှိခဲ့ပြီး အာရှ အားကစားပြိုင်ပွဲ၏ တံဆိပ်နာမည်စာရင်း ပထမနေရာတွင် ၁၀ကြိမ် ဆက်တိုက်တည်ရှိကြောင်း၊ ဂျပန်၊ တောင်ကိုးရီးယား နှင့် အိမ်ရှင်နိုင်ငံ အင်ဒိုနီးရှားတို့သည် ဒုတိယ၊ တတိယ နှင့် စတုတ္ထနေရာများတွင် အသီးသီး တည်ရှိကြောင်း စီအာအိုင်သတင်း အရ သိရပါသည်။

ပိတ်ပွဲအခမ်းအနားတွင် လာမည့် ၂၀၂၂ခုနှစ် အာရှ အားကစားပြိုင်ပွဲ ကျင်းပရန်မြို့ဖြစ်သည့် တရုတ်နိုင်ငံ ဟန်ကျိုးမြို့သည် အာရှ အားကစားပြိုင်ပွဲ၏ အလံကို လက်ခံရရှိပြီး ၈မိနစ်ကြာ ဟန်ကျိုးဆိုင်ရာ အနုပညာအဆိုအကများ တင်ဆက် ဖျော်ဖြေခဲ့ကြောင်း သတင်းရရှိပါသည်။

   Webradio