• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်ရေးဖိုရမ် သတ္တမ အကြိမ် ဝန်ကြီးများ အစည်းအဝေး ကျင်းပ

(GMT+08:00) 2018-09-03 09:34:56

တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်ရေးဖိုရမ် သတ္တမ အကြိမ် ဝန်ကြီးများ အစည်းအဝေးကို စက်တင်ဘာလ ၂ ရက်နေ့က ပီကင်း၌ ကျင်းပခဲ့ကြောင်း၊ အစည်းအဝေးတွင် "ပိုမို ရင်းနှီးသော တရုတ်-အာဖရိက ကံကြမ္မာ အသိုက်အဝန်း တည်ထောင်ရေး ပီကင်း ကြေညာစာတမ်း"နှင့် "၂၀၁၉-၂၀၂၁ ခုနှစ် တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ် -- ပီကင်း ဆောင်ရွက်မှု စီမံကိန်း" အပါအဝင် အောင်ကျိုးရလဒ် စာတမ်း နှစ်ရပ်ကို စိစစ် အတည်ပြုခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိ၊ ကုန်သွယ်ရေး ဝန်ကြီး ကျုံးရှမ်းနှင့် တောင်အာဖရိက နိုင်ငံခြားရေး ဝန်ကြီး စီစူလူ၊ ကုန်သွယ်ရေးနှင့် စက်မှု ဝန်ကြီး ဒယ်ဝီစ်တို့သည် ယခုအကြိမ် အစည်းအဝေးကို ပူးတွဲ ကြီးမှူး ကျင်းပပြီး ဖိုရမ်၏ အာဖရိက အဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံခြားရေး ဝန်ကြီးများ၊ နိုင်ငံခြား စီးပွါးကုန်သွယ်ရေး ဝန်ကြီးများ သို့မဟုတ် ကိုယ်စားလှယ်များ၊ အာဖရိကသမဂ္ဂ ကော်မတီမှ အဆင့်မြင့် ကိုယ်စားလှယ်များ စုစုပေါင်း ပုဂ္ဂိုလ် ၅၃ ဦးတို့သည် အစည်းအဝေးသို့ တက်ရောက်ခဲ့ကြကြောင်း သတင်း ရရှိပါသည်။

   Webradio