• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

Belt and Road ပူးပေါင်းဆောင်ရွက်မှုသည် အာဖရိက ဖွံ့ဖြိုးမှုကို အားပေးနေ

(GMT+08:00) 2018-09-03 09:33:24

၂၀၁၈ ခုနှစ် တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်ရေးဖိုရမ် ပီကင်း ထိပ်သီး အစည်းအဝေး ကျင်းပတော့မည်။ ယခုနှစ်များအတွင်း Belt and Road ကမ်းလှမ်းချက်မှာ အာဖရိကနိုင်ငံများ၌ အဆက်မပြတ် အကောင်အထည်ဖေါ်ဆောင်နေခဲ့ပါသည်။ ယခုအကြိမ် အစည်းအဝေးတွင် Belt and Road တည်ဆောက်မှုနှင့် အာဖရိက နိုင်ငံများ၏ ဖွံ့ဖြိုးရေး မဟာဗျူဟာများနှင့် ချိတ်ဆက်နိုင်ရန် တရုတ်နှင့် အာဖရိက အလွှာပေါင်းစုံတို့က မျှော်လင့်နေပါသည်။

ယခုနှစ်များတွင် ကမ္ဘာ့နိုင်ငံနှင့် နိုင်ငံတကာ အဖွဲ့အစည်း တစ်ရာကျော်တို့သည် Belt and Road ကမ်းလှမ်းချက်တွင် ပါဝင် ဆောင်ရွက်ပြီး အာဖရိက နိုင်ငံများသည်လည်း တက်တက်ကြွကြွ တုံ့ပြန် ပါဝင် နေကြပါသည်။ ယခုနှစ် ဇူလိုင်လတွင် တရုတ်နိုင်ငံသည် ဆီနီဂေါ၊ ရဝမ်ဒါ နှစ်နိုင်ငံနှင့် Belt and Road နားလည်မှု စာချွန်လွှာကို ချုပ်ဆိုပြီး မောရစ်ရှ နိုင်ငံနှင့်လည်း Belt and Road သဘောတူစာချုပ် အမြန်ဆုံး ချုပ်ဆိုရန်နှင့် ပတ်သက်ပြီး သဘောတူညီမှုကို ရရှိခဲ့ပါသည်။ ယင်းမတိုင်မီက တရုတ်နိုင်ငံသည် တောင်အာဖရိက၊ မဒါဂါစကာ၊ ဆူဒန်၊ မော်ရိုကို၊ အီဂျစ်၊ လစ်ဗျား၊ တူနီးရှား စသည့် အာဖရိက နိုင်ငံများနှင့် Belt and Road တည်ဆောက်မှု လက်တွဲ တွန်းအားပေးရေး ပူးပေါင်းဆောင်ရွက်မှု စာတမ်းများကို ချုပ်ဆိုခဲ့ပါပြီ။

တရုတ် ကုန်သွယ်ရေး ဝန်ကြီးဌာန ဒုဝန်ကြီး ချန်ခေမင်က၊ အာဖရိက နိုင်ငံများ Belt and Road တည်ဆောက်မှုတွင် ပါဝင် ဆောင်ရွက်ပြီး ပိုမို ရင်းနှီးသော တရုတ်-အာဖရိက ကံကြမ္မာ အသိုက်အဝန်းကို တည်ထောင်ရန် တရုတ်နိုင်ငံက ကြိုဆိုပါကြောင်း ပြောကြားပါသည်။

   Webradio