• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဒေသတွင်း ဘက်စုံ စီးပွါးရေး မိတ်ဖက်ဆက်ဆံမှုစာချုပ် စေ့စပ်ဆွေးနွေးမှုတွင် တိုးတက်မှု ရရှိဟု စက်ကာပူ အရာရှိ ဆို

(GMT+08:00) 2018-09-02 10:44:47

အကြိမ် ၅၀ မြောက် အာဆီယံ စီးပွါးရေး ဝန်ကြီးများ အစည်းအဝေးနှင့် သက်ဆိုင်ရာ အစည်းအဝေးများကို ယခုလ ၁ ရက်နေ့က စင်ကာပူ၌ ကျင်းပ ပြီးစီး ခဲ့ရာ၊ စင်ကာပူ ကုန်သွယ်မှုနှင့် စက်မှုလုပ်ငန်း ဝန်ကြီးဌာန ဝန်ကြီးက အစည်းအဝေး အပြီး သတင်းစာ ရှင်းလင်းပွဲတွင်၊ ဒေသတွင်း ဘက်စုံ စီးပွါးရေး မိတ်ဖက်ဆက်ဆံမှုစာချုပ် RCEP ဆိုင်ရာ စေ့စပ်ဆွေးနွေးမှုတွင် တိုးတက်မှု ရရှိခဲ့သည်ဟု ထုတ်ပြန် ကြေညာခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။

RCEP ဆိုင်ရာ စေ့စပ်ဆွေးနွေးမှုမှာ ၂၀၁၂ ခုနှစ် နိုဝင်ဘာလက စတင်ခဲ့ခြင်း ဖြစ်ပြီး အာဆီယံ ၁၀ နိုင်ငံနှင့် တရုတ်၊ ဂျပန်၊ တောင်ကိုးရီးယား၊ သြစတြေးလျ၊ နယူးဇီလန်၊ အိန္ဒိယ အပါအဝင် ဆွေးနွေးရေး မိတ်ဖက်နိုင်ငံ ၆ နိုင်ငံတို့ ပါဝင်ကြောင်း သိရပါသည်။

   Webradio