• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင့်ဖိန်သည် ဇန်ဘီယာ သမ္မတ လွင်ဂူနှင့် တွေ့ဆုံ

(GMT+08:00) 2018-09-02 10:12:22

တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ယခုလ ၁ ရက်နေ့က ပီကင်း ပြည်သူ့ ခန်းမဆောင်ကြီး၌ ဇန်ဘီယာ နိုင်ငံ သမ္မတ လွင်ဂူနှင့် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။

ထိုသို့တွေ့ဆုံရာတွင်၊ ဥက္ကဋ္ဌ ရှီကျင့်ဖိန်က၊ ဇန်ဘီယာ နိုင်ငံသည် တောင်ပိုင်း အာဖရိက၌ ပထမ ဦးဆုံးသော တရုတ်ပြည်သူ့ သမ္မတနိုင်ငံနှင့် သံအဆက်အသွယ် ထားရှိသော နိုင်ငံ ဖြစ်ပြီး တရုတ်အစိုးရနှင့် ပြည်သူများသည် ဇန်ဘီယာ အပေါ် ထူးခြားသော ချစ်ကြည်ရေး သံယောဇဉ်ရှိကြောင်း ပြောကြားပါသည်။

   Webradio