• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

စီးပွားရေးအငြင်းပွားမှု ဖြေရှင်းရေးနည်းလမ်းကို တရုတ်နှင့် အမေရိကန် တတ်သိပညာရှင်များအဖွဲ့တို့ ဆွေးနွေးပွဲဖြင့် ရှာကြံ

(GMT+08:00) 2018-09-01 10:07:39

        တရုတ်ပြည်သူ့တက္ကသိုလ် ချုံယန် ငွေကြေးလုပ်ငန်း သုတေသနဌာနနှင့် အမေရိကန် တတ်သိပညာရှင်များအဖွဲ့တို့ ပူးတွဲပြုလုပ်ကြသော တရုတ်-အမေရိကန် တတ်သိပညာရှင်များအဖွဲ့ ဆွေးနွေးပွဲကို သြဂုတ်လ ၂၉ ရက်နေ့မှ ၃၀ ရက်နေ့အထိ အမေရိကန်နိုင်ငံ နယူးယောက်မြို့နှင့် ဝါရှင်တန်မြို့၌ ကျင်းပခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

        တရုတ်-အမေရိကန်နှစ်နိုင်ငံမှ ကျွမ်းကျင်သူပညာရှင်များနှင့် အစိုးရအရာရှိ ကိုယ်စားလှယ်များသည် တရုတ်-အမေရိကန် ကုန်သွယ်ရေးအငြင်းပွားမှုနှင့်ပတ်သက်ပြီး နက်ရှိုင်းစွာ ဆွေးနွေးကာ နှစ်နိုင်ငံ ကုန်သွယ်ရေးအငြင်းပွားမှု ဖြေရှင်းရေးနည်းလမ်းကို ရှာကြံရန် ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

   Webradio