• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ပြည်သည် တစ်ဦးချင်းဝင်ငွေအခွန်ဆိုင်ရာဥပဒေ ကို သတ္တမအကြိမ် ပြုပြင်

(GMT+08:00) 2018-09-01 10:05:19

        သြဂုတ်လ ၃၁ ရက်နေ့က တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီသည် တစ်ဦးချင်းဝင်ငွေအခွန်ဆိုင်ရာဥပဒေကို ပြုပြင်ရန် မဲခွဲဆုံးဖြတ်ပြီး အတည်ပြုခဲ့ကြောင်း၊ ယင်းသည် ၁၉၈၀ ပြည့်နှစ် တရုတ်ပြည်၏ တစ်ဦးချင်း ဝင်ငွေ အခွန်ဆိုင်ရာဥပဒေကို ရေးဆွဲပြုစုပြီးနောက် သတ္တမအကြိမ် ပြုပြင်ခြင်းပင်ဖြစ်ကြောင်း၊ နောက်ဆုံး တစ်ဦးချင်းဝင်ငွေ အခွန်ဆိုင်ရာဥပဒေအရ မူလက တစ်ဦးချင်းဝင်ငွေ ယွမ် ၃၀၀၀ ကျော်မှ အခွန်စတင် ကောက်ယူခြင်းမှနေ တစ်ဦးချင်းဝင်ငွေ ယွမ် ၅၀၀၀ ကျော်မှ အခွန်စတင် ကောက်ယူခြင်းအထိ ပြုပြင်ခဲ့ကြောင်း၊ ထို့အပြင် သားသမီး ပညာရေးနှင့် မိဘဖိုးဖွားများ စောင့်ရှောက်ရေးဆိုင်ရာ အသုံးစရိတ်တို့ကို ပထမဆုံးအကြိမ်အဖြစ် အခွန်ထဲမှ ဖြတ်ယူမည်ဖြစ်ကြောင်း၊ နောက်ဆုံးထုတ် တစ်ဦးချင်းဝင်ငွေ အခွန်ဆိုင်ရာဥပဒေသည် ဝင်ငွေနည်းပါးသော ပြည်သူပြည်သားများ၏ တစ်ဦးချင်းဝင်ငွေ အခွန်ဆောင် ဖိအားကို လျှော့ပေးမည်ဖြစ်ကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

   Webradio