• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှု ဖိုရမ်သို့ တက်ရောက်ကြသည့် အာဖရိက ခေါင်းဆောင်များနှင့် ရှီကျင့်ဖိန် တွေ့ဆုံ

(GMT+08:00) 2018-09-01 10:04:16

        သြဂုတ်လ ၃၁ ရက်နေ့က တရုတ်နိုင်ငံတော်ဥက္ကဋ္ဌရှီကျင့်ဖိန်သည် ပြည်သူ့ခန်းမဆောင်ကြီး၌ အလည်အပတ်ရောက်ရှိလာသော ကင်မရွန်းသမ္မတ ပေါ်-ဘီယာ၊ ဘာကီနာဖာဆိုသမ္မတ ကရစ္စတီအန်-ကာဘိုရေ၊ တောင်ဆူဒန်သမ္မတ ဆာလ်ဇာ-ကီးလ်၊ မာလီသမ္မတ အီဘရာဟီမ်-ဘိုဘာဆာ-ကိုင်တာနှင့် နိုင်ဂျာသမ္မတ မဟာမာဒို-အစ်ဆိုဖိုတို့နှင့် အသီးသီးတွေ့ဆုံခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

        ထိုသို့တွေ့ဆုံပြီး ဥက္ကဋ္ဌရှီကျင့်ဖိန်သည် အဆိုပါ အာဖရိကခေါင်းဆောင်များနှင့် နှစ်ဖက်ပူးပေါင်းဆောင်ရွက်ရေးစာတမ်းများကို အသီးသီးချုပ်ဆိုခဲ့ကြကြောင်း သတင်းရရှိပါသည်။

   Webradio