• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင့်ဖိန်သည်၊ ဆီရာလီယွန်နိုင်ငံသမ္မတနှင့် တွေ့ဆုံဆွေးနွေး

(GMT+08:00) 2018-08-31 14:40:21

      တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည်၊ ယခုလ ၃၀ ရက်နေ့က ပီကင်းပြည်သူ့ ခန်းမဆောင်ကြီးတွင် ဆီရာလီယွန်နိုင်ငံ သမ္မတ ဘီအိုနှင့် တွေ့ဆုံဆွေးနွေးခဲ့ရာ၊ နှစ်ဦးနှစ်ဖက်တို့အနေနှင့် ချစ်ကြည်ရေးနှင့် အပြန်အလှန်ယုံကြည်မှုကို ခိုင်မာစေပြီး၊ လက်တွေ့ကျ ပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့ကာ၊ တရုတ်-ဆီရာလီယွန်ဘက်စုံမဟာဗျူဟာ ပူးပေါင်းဆောင်ရွက်ရေးမိတ်ဖက်ဆက်ဆံမှုကို အဆက်မပြတ် ဖွံ့ဖြိုးစေပြီး၊ ၂ နိုင်ငံ ပြည်သူများအတွက် ပိုမိုကောင်းမွန်းသော ချမ်းမြေ့သာယာမှုများကို ဖန်တီးပေးကြ မည်ဟု သဘောတူကြကြောင်း ဆင်ဟွာသတင်းဌာနက ရေးသားဖော်ပြသည်။

ထိုသို့တွေ့ဆုံဆွေးနွေးခဲ့ရာ၌ ရှီကျင့်ဖိန်က၊ ဘီအို၏ တရုတ်-အာဖရိက ပူးပေါင်းဆောင် ရွက်မှုဖိုရမ် ပီကင်းထိပ်သီးများအစည်းအဝေးသို့ တက်ရောက်ခြင်းနှင့် တရုတ်ပြည်တွင် တရားဝင်ခရီးလှည့်လည်ခြင်းအပေါ် ကြိုဆိုပါကြောင်း ဖော်ပြခဲ့သည်ဟု သတင်းအရ သိရသည်။

   Webradio