• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

၈ကြိမ်မြောက် ပီကင်းရှမ်းဆန်း-ဖိုရမ် အောက်တိုဘာလတွင် ကျင်းပမည်

(GMT+08:00) 2018-08-31 13:16:25

      အောက်တိုဘာလ ၂၄ ရက်နေ့မှ ၂၆ ရက်နေ့အထိ၊ တရုတ်စစ်ရေးသိပ္ပံပညာအသင်းနှင့် တရုတ်နိုင်ငံတကာမဟာဗျူဟာပညာရှင်အဖွဲ့တို့သည်၊ ၈ ကြိမ်မြောက် ပီကင်းရှမ်းဆန်း- ဖိုရမ်ကို ပူးတွဲကျင်းပသွားမည်ဖြစ်ကြောင်း၊ ယခုအချိန်အထိ၊ ၇၉ နိုင်ငံမှ ကာကွယ်ရေး လုပ်ငန်းဌာန၊ တပ်မတော်ခေါင်းဆောင်၊ နိုင်ငံတကာအဖွဲ့အစည်းများမှ  ကိုယ်စားလှယ် များ၊ တပ်မတော် အကြီးအကဲဟောင်းနှင့် နာမည်ကျော်ပညာရှင်များအား ဖိတ်ကြားခဲ့ ကြောင်း တရုတ် နိုင်ငံတော်ကာကွယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဝူချန်းက ယခုလ ၃၀ ရက်နေ့က ပီကင်းတွင် ပြောကြားခဲ့သည်ဟု စီအာအိုင်က ဖော်ပြသည်။

  ဆက်လက်၍ ဝူချန်းက တရုတ်ပြည်အနေနှင့်၊ ယခုအကြိမ်ဖိုရမ်ကျင်းပခြင်းဖြင့်၊ ဘက် အသီးသီးက မဟာဗျူဟာဆွေးနွေးမှုနှင့်ဖလှယ်မှုကိုတစ်ဆင့်တက် အားဖြည့်ဆောင်ရွက် ရေး၊ လက်တွေ့ကျပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေရေး၊ ကမ္ဘာ့လုံခြုံရေးစိန်ခေါ်မှုများကို အတူရင်ဆိုင်ရေး၊ ငြိမ်းချမ်းတည်ငြိမ်မှုကို ထိန်းသိမ်းကာကွယ်ရေးအတွက် အထောက်အကူ ပြုနိုင်မည်ဟု မျှော်လင့်ပါကြောင်း ပြောကြားခဲ့သည်ဟု သတင်းအရသိရသည်။

 

   Webradio