• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ် ဟွာဝေ ကုမ္ပဏီကို သြစတြေးလျမှ ငြင်းဆိုခြင်းသည် ယုတ္တိမတန်

(GMT+08:00) 2018-08-31 09:22:34

မကြာခင်က သြစတြေးလျ အစိုးရမှ အနက်အဓိပ္ပါယ် မရေရာသော ထုတ်ပြန် ကြေညာချက်တွင် "ဆိုက်ဘာလုံခြုံရေး"ကို အကြောင်းပြုပြီး သြစတြေးလျ နိုင်ငံတွင် 5G ကွန်ရက် ထူထောင်ရေး လုပ်ငန်းတွင် တရုတ် ဟွာဝေ ကုမ္ပဏီကို ပါဝင်ဆောင်ရွက်ရန် ခွင့်မပြု၍ သြစတြေးလျ နိုင်ငံတွင် ဟွာဝေ၏ လုပ်ငန်းသည် ထိခိုက်မှု ခံရကြောင်း စီအာအိုင် သတင်းအရ သိရသည်။

ဆိုက်ဘာ လုံခြုံရေးသည် အင်တာနက် သုံးစွဲသူများ၏ အာရုံစူးစိုက်ချက် ဖြစ်ပြီး နိုင်ငံ အားလုံး၏ အမြုတေ အလေးထားချက်လည်း ဖြစ်ကြောင်း၊ သို့သော် ဆိုက်ဘာ လုံခြုံရေးကို နိုင်ငံရေး ရည်မှန်းချက် တစ်ခုခု အကောင်အထည်ဖော်ရန် အတွက် အကြောင်းပြချက် တစ်ခု အဖြစ် အသုံးမပြုသင့်ကြောင်း၊ သြစတြေးလျ နိုင်ငံတွင် 5G ကွန်ရက် ထူထောင်ရေး လုပ်ငန်း၌ ဟွာဝေ ကုမ္ပဏီကို ပါဝင်ဆောင်ရွက်ရန် ခွင့်မပြုခြင်းနှင့် ပတ်သက်၍ သြစတြေးလျ အစိုးရမှ ထုတ်ပြန်သည့် "ဆိုက်ဘာလုံခြုံရေး" ဟူသော အကြောင်းပြချက်ကို မည်သည့် ရှုထောင်မှမဆို ကြည့်လျှင် အထောက်အပံ့ မရှိကြောင်း စီအာအိုင်က ဖော်ပြသည်။

ပူးပေါင်းဆောင်ရွက်ရေး ရှုထောင့်မှနေ ကြည့်လျှင် ဟွာဝေသည် ကမ္ဘာပေါ်တွင် အကြီးဆုံး ဆက်သွယ်ရေး စက်ကိရိယာများ ထောက်ပံ့ရေး ကုမ္ပဏီ တစ်ခု အနေနှင့် ကမ္ဘာပေါ်က အဓိက ဆက်သွယ်ရေး ကုမ္ပဏီ ၅၀ အနက် ၄၅ခုနှင့် ပူးပေါင်းဆောင်ရွက်မှု ရှိပြီး လုပ်ငန်းအစီအစဉ်များ နိုင်ငံ ၁၇၀တွင် ပျံ့နှံ့ကာ တစ်ကမ္ဘာလုံး တွင် လူဦးရေ ၃ပုံ၁ပုံ၏ နေ့စဉ် ဆက်သွယ်ရေး လိုအပ်မှုများကို ကျားကန်ပေးနေသည်ဟု လူအများသိကြသော စာရင်းအရ သိရကြောင်း၊ ဟွာဝေ၏ ဆိုက်ဘာ လုံခြုံမှု မရှိလျှင် အစတုန်းက ကမ္ဘာပေါ်က နာမည်ကြီး ဆက်သွယ်ရေး ကုမ္ပဏီများသည် ၄င်းနှင့် ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်မည် မဟုတ်ကြောင်း၊ သြစတြေးလျ ဆက်သွယ်ရေး ကုမ္ပဏီများသည် ဟွာဝေ၏ စက်ကိရိယာ များကို အသုံးပြုခဲ့သည့် ၁၅နှစ်အတွင်း သြစတြေးလျ နိုင်ငံ လုံခြုံရေး အပေါ် ခြိမ်းခြောက် အန္တရာယ်ပြုသော အရေးအခင်း တစ်ခုမျှ မရှိကြောင်း၊ ဟွာဝေ ကုမ္ပဏီသည် ၄င်း၏ စီမံခန့်ခွဲမှုနှင့် လုပ်ကိုင်ဆောင်ရွက်မှု အပေါ် သြစတြေးလျ အစိုးရမှ မည်သည့် မယုံသင်္ကာဖြစ်မှုမျှ မရရှိခဲ့ဖူးကြောင်းလည်း စီအာအိုင်က ဖော်ပြသည်။

နည်းပညာ ရှုထောင့်မှ ကြည့်လျှင် ဟွာဝေသည် သြစတြေးလျတွင် အကြီးမားဆုံး 4G ဆိုက်ဘာ နည်းပညာ ထောက်ပံ့ရေး ကုမ္ပဏီ တစ်ခု အနေနှင့် ဒေသတွင်း ဆက်သွယ်ရေး ဈေးကွက်၌ ယှဉ်ပြိုင်မှုကို တိုးမြှင့်ပြီး ဒေသခံ စားသုံးသူများ၏ ဘရိုဘန့်နှင့် ဆက်သွယ်ရေး အသုံးစရိတ်ကို သက်သာစေခဲ့ကြောင်း၊ ဆက်သွယ်ရေး နည်းပညာ ဖွံ့ဖြိုးတိုးတက် လာသည်နှင့် အမျှ ဆိုက်ဘာမြန်နှုန်း ပိုမြင့်သည့် 5Gကွန်ရက်သည် ဆိုက်ဘာ ဖွံ့ဖြိုးရေး အလားအလာ ဖြစ်ပြီး ယှဉ်ပြိုင်မှု ပြန်းထန်မည့် လုပ်ငန်းနယ်ပယ် ဖြစ်လာကြောင်း၊ ယခုတွင် ဟွာဝေ၏ 5G နည်းပညာမူပိုင်ခွင့် ပမာဏသည် ကမ္ဘာပေါ်တွင် အများဆုံး ဖြစ်ပြီး ဗြိတိန်၊ နယူးဇီလန်၊ ကနေဒါ အပါအဝင် အနောက်နိုင်ငံ အများစုသည် ဟွာဝေမှ 4Gအခြေခံ ပေါ်တွင် 5Gတိုးချဲ့ရန် ပုံမှန်လုပ်ကိုင်ဆောင်ရွက်ခြင်းကို လက်ခံနေကြကြောင်း၊ အကယ်၍  5G၏ဖွဲ့စည်းပုံသည် 4Gနှင့် မတူခြားနားချက် သိပ်မရှိကြောင်း၊ 4Gနှင့် နှိုင်းယှဉ်ကြည့်လျှင် 5Gကွန်ရက်သည် လုံခြုံရေးနှင့် လျှို့ဝှက်ချက် ထိန်းသိမ်းကာကွယ်ရေးတွင် ပိုမိုကောင်းမွန် ပြည့်စုံသော အာမခံစနစ် ရှိကြောင်း၊ သြစတြေလျက ဟွာဝေကို 4Gကွန်ရက် ထူထောင်ရန် ခွင့်ပြုကြောင်း၊ အဘယ့်ကြောင့် 5Gကွန်ရက် ထူထောင်ရန် ခွင့်မပြုတာလဲလို့ စီအာအိုင်က ဖော်ပြသည်။

လုပ်ငန်းနယ်ပယ် ရှုထောင့်မှ ကြည့်လျှင် ဂလိုဘယ်လိုက်ဇေးရှင်း ပြန့်ပွားနေသည့် ယနေ့ခေတ်တွင် ဟွာဝေ၊ Nokia၊ Ericssonနှင့် Appleစသည့် ကုမ္ပဏီများသည် နီးစပ်သော ဂလိုဘယ် ထောက်ပံ့ရေး စနစ်နှင့် ထုတ်လုပ်မှု စနစ် ရှိပြီး တရုတ်ပြည်က ထုတ်လုပ်တာ (Made in China)လည်း ရှိကြောင်း၊ သြစတြေးလျ အစိုးရမှ ဟွာဝေကို ငြင်းဆိုခဲ့ပြီး အခြားကုမ္ပဏီကို 5G ကွန်ရက် ထူထောင်ရေး လုပ်ငန်း လုပ်ခိုင်းစေကာမူ အခြား ကုမ္ပဏီများ၏ 5Gစက်ကိရိယာများတွင် အများစုကို တရုတ်ပြည်က ထုတ်လုပ်တာ ဖြစ်မြဲ ဖြစ်နေသေးကြောင်း စီအာအိုင်က ဖော်ပြသည်။

ဆိုက်ဘာ လုံခြုံရေးသည် သြစတြေးလျမှ တရုတ်ပြည်ကို တံခါးပိတ်ထားသည့် အကြောင်းပြုချက် တစ်ခုပင် ဖြစ်ပြီး စီးပွားကုန်သွယ်ရေး စည်းမျဉ်းဥပဒေနှင့်လည်း မကိုက်ညီ၊ ပွင့်လင်းဖြောင့်မတ်မှုလည်း မရှိကြောင်း၊ နောက်ကွယ်တွင် နက်ရှိုင်းသော နိုင်ငံရေး ဆိုင်ရာ အကြောင်းရင်းရှိကြောင်း၊ လွန်ခဲ့သည့် နှစ်များတွင် တရုတ်ပြည်သည် သြစတြေးလျ၏ အကြီးဆုံး ကုန်သွယ်ဖက် ဖြစ်ကြောင်း၊ သို့သော် အမေရိကန်သည် သြစတြေးလျ အတွက် တလျှောက်လုံး ကာကွယ်ထီး ပေးနေကြောင်း၊ သြစတြေးလျသည် အရေးအကြီးဆုံးသော နိုင်ငံခြား ဆက်ဆံရေး ၂ခုတွင် ညီမျှမှုကို ရှာကြံနေကြောင်း၊ လွန်ခဲ့သည့် ဆောင်းရာသီ နောက်ပိုင်းတွင် သြစတြေးလျ-တရုတ် ဆက်ဆံမှုသည် အေးစက်သွားသောကြောင့် ဟွာဝေသည် ဂယက်ရိုက်ခတ်မှု ခံရကြောင်း စီအာအိုင်က ဖော်ပြသည်။

မကြာခင်က အမေရိကန်မှ အတည်ပြု ဆုံးဖြတ်ခဲ့သော နိုင်ငံတော် ကာကွယ်ရေး အာဏာအပ်နှင်းခြင်း ဥပဒေမူကြမ်းတွင် အမေရိကန် အစိုးရ လုပ်ငန်းဌာနမှန်သမျှနှင့် အမေရိကန် အစိုးရနှင့် လုပ်ငန်း ဆိုင်ရာ ဆက်ဆံမှု ရှိသော ကုမ္ပဏီနှင့် လုပ်ငန်းဌာန မှန်သမျှအား တရုတ် ဟွာဝေနှင့် ZTE ကုမ္ပဏီနှစ်ခုမှ ထုတ်လုပ်သည့် ကုန်ပစ္စည်းများကို အသုံးမပြုရဟု သတ်မှတ်ထားကြောင်း၊ အမေရိကန်၏ အရိပ်အခြည်ကို အမြဲကြည့် နေသည့် သြစတြေးလျသည် ၁၉၈၈ခုနှစ်နှင့် ၂၀၁၅ခုနှစ်က တရုတ်နှင့် သြစတြေးလျတို့ ချုပ်ဆိုခဲ့သော နှစ်ဖက် ရင်းနှီးမြှုပ်နှံရေးနှင့် လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူ စာချုပ်များကို ဖောက်ဖျက်ကာ သြစတြေးလျပြည်သူများ၏ အကျိုးစီးပွားကို ဆုံးရှုံး ၍ "ဆိုက်ဘာ လုံခြုံရေး"ကို အကြောင်းပြုပြီး ဟွာဝေကို ငြင်းဆိုခဲ့ကြောင်း၊ သြစတြေးလျ ဆက်သွယ်ရေး ဝန်ဆောင်မှု ကုမ္ပဏီများသည် သက်ဆိုင်ရာ ဈေးနှုန်းကို တိုးမြှင့်မည်ဟု သိရကြောင်း စီအာအိုင်က ဖော်ပြသည်။

တရုတ်-သြစတြေးလျ ဆက်ဆံမှု၏ အနှစ်သာရသည် ပူးပေါင်းဆောင်ရွက်ရေးနှင့် အပြန်အလှန် အကျိုးရှိစေရေးပင် ဖြစ်ကြောင်း၊ လွန်ခဲ့သည့် နှစ်များတွင် ဟွာဝေသည် ၄င်း၏ကြိုးပမ်းဆောင်ရွက်မှုနှင့် ဆန်းသစ်တီထွင်မှုကြောင့် သြစတြေးလျ ဈေးကွက်တွင် ပြန်လည်ပေးဆပ်မှု ရရှိသကဲ့သို့ ဟွာဝေမှ ထုတ်ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများကြောင့် သြစတြေးလျ၏ ဆက်သွယ်ရေး အဆောက်အအုံ အဆင့်တိုးမြင့်ရေးနှင့် ဒီဂျစ်တယ် စီးပွားရေး ထည်ဆောက်ရေးသည် အရှိန်မြင့်လာကြောင်း၊ ကုမ္ပဏီနှင့် ပြည်သူများသည် လက်တွေ့ကျသော အကျိုးစီးပွားများ ရရှိခဲ့ကြောင်း၊ စီးပွားကုန်သွယ်ရေး ပြဿနာကို နိုင်ငံရေး ပြဿနာ အဖြစ် မလုပ် သင့်ကြောင်း၊ သြစတြေးလျ အနေနှင့် သတင်းအချက်အလက် နည်းပညာ ဆိုင်ရာ အခွင့်ကောင်းကို လက်မလွှတ်ဘဲ အနာဂတ် နှစ် ၃-၄ဆယ် အတွင်း စီးပွားရေး တိုးတက်မှု အကောင်အထည်ဖော်ချင်ပါက ဟွာဝေ ကဲ့သို့သော ဆန်းသစ်တီထွင်မှု ရှိသည့် တရုတ်ကုမ္ပဏီများကို ၄င်း၏ ဖွံ့ဖြိုးတိုးတက်ရေး ဖြစ်စဉ်တွင် ပါဝင်ဆောင်ရွက်ရန် ကြိုဆိုသင့်ကြောင်း စီအာအိုင်က ဖော်ပြသည်။

   Webradio