• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ထိုင်းနိုင်ငံသည် Belt and Road ဖွံ့ဖြိုးရေးအခွင့်အလမ်းများကို အသုံးပြုသင့်ဟု ထိုင်းအရာရှိဆို

(GMT+08:00) 2018-08-30 15:13:11

ထိုင်းနိုင်ငံဝန်ကြီးချုပ်ရုံးဝန်ကြီးCosa boudargues သည် ယခုလ ၂၉ ရက်နေ့က ကျင်းပသော "Focus on Thailand 2018"ဖိုရမ်တွင် ထိုင်းနိုင်ငံနှင့်တရုတ်နိုင်ငံ၏Belt and Road အဆိုပြုချက်ချိတ်ဆက်မှုဆိုင်ရာမိန့်ခွန်းပြောကြားခဲ့ရာ ထိုင်းနိုင်ငံသည် Belt and Road ဖွံ့ဖြိုးရေးအခွင့်အလမ်းများကို တက်ကြွစွာအသုံးပြုသရန်ပန်ကြားခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။

Cosaက Belt and Road အဆိုပြုချက်တင်သွင်းခဲ့သော ၅ နှစ်အတွင်း သက်ဆိုင်ရာနိုင်ငံများအတွက် အကျိုးနှင့်အခွင့်အလမ်းများဖန်တီးပေးခဲ့ကြောင်း၊ အရှေ့ တောင်အာရှဒေသတွင် လူဦးရေသန်း ၈၀၀ ရှိပြီး တရုတ်နိုင်ငံနှင့်နီးကပ်ကြောင်း၊ လာမည့် နှစ် ၂၀ အတွင်း အရှေ့တောင်အာရှသည် တရုတ်နိုင်ငံBelt and Road အဆိုပြုချက်ဆိုင်ရာ အကောင်းဆုံး၊ အရေးကြီးဆုံးဖွံ့ဖြိုးသောဒေသဖြစ်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့ သည်။

   Webradio