• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

၅၀ကြိမ်မြောက် အာဆီယံအဖွဲ့ စီးပွားရေး ဝန်ကြီးများ အစည်းအဝေးက ဒေသတွင်း စီးပွား ပူးပေါင်းဆောင်ရွက်မှုနှင့် တပြေးညီဖြစ်စေရေးကို တိုင်ပင်ဆွေးနွေး

(GMT+08:00) 2018-08-30 15:06:33

၅၀ကြိမ်မြောက် အာဆီယံအဖွဲ့ စီးပွားရေး ဝန်ကြီးများ အစည်းအဝေးများကို သြဂုတ်လ ၂၉ရက်နေ့က စင်္ကာပူနိုင်ငံ၌ စတင်ကျင်းပခဲ့ကြောင်း၊ စင်္ကာပူနိုင်ငံ ဝန်ကြီးချုပ် လီရှန်လွန်းက အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေနှင့် ဒေသတွင်း စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုနှင့် တပြေးညီဖြစ်စေရေးကို ဆက်လက်အားဖြည့်ဆောင်ရွက်ရန် ပန်ကြားခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။

အာဆီယံအဖွဲ့သည် ရှင်သန်မှုစွမ်းအား အပြည့်အဝရှိသော စီးပွားရေးအုပ်စု ဖြစ်ကြောင်း၊ အနာဂတ်၃၊၄နှစ်များတွင် နှစ်စဉ်ပျမ်းမျှ စီးပွားရေးတိုးတက်မှုနှုန်းမှာ ၅.၄ ရာခိုင်နှုန်းခန့် ရှိပြီး ၂၀၃၀ပြည့်နှစ်တွင် ကမ္ဘာ့ စတုတ္ထအကြီးဆုံး စီးပွားရေးအုပ်စု ဖြစ်လာမည်ဟု ခန့်မှန်းရကြောင်း၊ သို့သော် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်မှုသည် ကုန်သွယ်မှု ကိုယ်ကျိုးစီးပွား ကာကွယ်ရေး ဝါဒ ဦးမော့လာခြင်း နှင့် ကမ္ဘာ့ ဘက်စုံ ကုန်သွယ်ရေး စနစ် ခြိမ်းခြောက်မှုခံနေရခြင်း စသော ဆိုးကျိုးများနှင့်လည်း ရင်ဆိုင်နေရကြောင်း လီရှန်လွန်းက ပြောကြားပါသည်။

   Webradio