• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

နိုင်ငံတကာဘက်ပေါင်းစုံစနစ်တည်ဆောက်ခြင်းဖြင့် ပါလက်စတိုင်း-အစ္စရေးအချင်းပွားမှု ဖြေရှင်းရန် Abbas ထပ်လောင်းပန်ကြား

(GMT+08:00) 2018-08-30 13:27:43

      ပါလက်စတိုင်းနိုင်ငံသမ္မတ Mahmoud Abbas က၊ ပါလက်စတိုင်း-အစ္စရေး ငြိမ်းချမ်းရေးဆိုင်ရာ အစည်းအဝေးကျင်းပပြီး၊ နိုင်ငံတကာဘက်ပေါင်းစုံစနစ် တစ်ခု တည်ဆောက်ခြင်းဖြင့် ပါလက်စတိုင်း-အစ္စရေးအချင်းပွားမှုဖြေရှင်းရန်  ယခုလ၂၉ ရက်နေ့ က ထပ်လောင်းပန်ကြားခဲ့ကြောင်း ဆင်ဟွာသတင်းဌာနက ရေးသားဖော်ပြသည်။

ထိုနေ့က Abbas သည်၊ ဂျော်ဒန်မြစ် အနောက်ဖက်ကမ်း Ramallah မြို့တွင် အလည် အပတ်ရောက်ရှိသည့် ဘော့စနီးယားဟာဇီဂိုဗီးနား သဘာပတိအဖွဲ့ အလှည့်ကျ သဘာပတိ Izetbegovic နှင့် တွေ့ဆုံခဲ့သည်။

တွေ့ဆုံပွဲအပြီးကျင်းပသည့် သတင်းစာရှင်းလင်ပွဲ၌ Izetbegovic က၊ ငြိမ်းချမ်းစွာ စေ့စပ် ဆွေးနွေးရေးသည်၊ ပါလက်စတိုင်း-အစ္စရေးအချင်းပွားမှုဖြေရှင်းရေးအတွက် တစ်ခု တည်းသော နည်းလမ်းဖြစ်ပြီး၊ ကုလသမဂ္ဂမှ သက်ဆိုင်ရာ အတည်ပြုဆုံးဖြတ်ချက် အရ ဂျေရုဆလင် ပြဿနာကို ဖြေရှင်းသင့်ကြောင်း ပြောကြာခဲ့သည်ဟု သတင်းအရသိရသည်။

 

   Webradio