• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

BIMSTEC ၁၆ ကြိမ်မြောက် ဝန်ကြီးများအဆင့် အစည်းအဝေးကို နီပေါ၌ ကျင်းပ

(GMT+08:00) 2018-08-30 11:01:30

        ဘင်္ဂလားပင်လယ်ကွေ့ ကဏ္ဍစုံ စီးပွားရေး နည်းပညာ ပူးပေါင်းဆောင်ရွက်မှု အဆိုပြုချက် (BIMSTEC) ဆိုင်ရာ ၁၆ ကြိမ်မြောက် ဝန်ကြီးများအဆင့် အစည်းအဝေးကို ယခုလ ၂၉ ရက်နေ့က နီပေါနိုင်ငံ၌ ကျင်းပခဲ့ကြောင်း တရုတ်သတင်းဌာနမှ သတင်းအရ သိရပါသည်။

        ယင်းအစည်းအဝေးကို နီပေါနိုင်ငံခြားရေးဝန်ကြီး ဂျာဝါလီ ဦးစီးကျင်းပပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး အာလီ၊ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဆင့်ဂ်၊ မြန်မာ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး ဦးကျော်တင်၊ သီရိလင်္ကာ နိုင်ငံခြားရေးဝန်ကြီး စယ်နာနာယာကယ်၊ ထိုင်းနိုင်ငံခြားရေးဝန်ကြီးနှင့် ဘူတန် နိုင်ငံခြားရေးရာ အတွင်းရေးမှူးစသည်တို့သည် ယင်းအစည်းအဝေးသို့ တက်ရောက်ခဲ့ကြကြောင်း သတင်းအရ သိရပါသည်။

   Webradio