• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရခိုင် ပြဿနာကို မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နှစ်ဖက်တို့ သင့်လျော်စွာ ကိုင်တွယ်ဖြေရှင်းသင့်သည်ဟု တရုတ် ကိုယ်စားလှယ် ဆို

(GMT+08:00) 2018-08-30 09:58:07

ကုလသမဂ္ဂဆိုင်ရာ တရုတ် အမြဲတမ်း ဒုကိုယ်စားလှယ် ဝူဟိုင်ထောင်းက၊ ရခိုင် ပြဿနာကို မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့ နှစ်ဖက်တို့ သင့်လျော်စွာ ကိုင်တွယ် ဖြေရှင်း သင့်ကြောင်း၊ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်တို့သည် ဆက်လက်ပြီး တိုင်ပင်ဆွေးနွေးသော နည်းလမ်းဖြင့် နေရပ်စွန့်ခွါသူများ ပြန်ပို့ရေး စာချုပ် အကောင်အထည်ဖေါ်ဆောင်စဉ်၌ ပေါ်ထွက်သော ပြဿနာများကို ဖြေရှင်းသင့်ကြောင်း၊ ယခု လောလောဆယ်တွင် အရေး အကြီးဆုံးကိစ္စမှာ နေရပ်စွန့်ခွါသူများ ပြန်ပို့ရေး ဖြစ်စဉ်ကို အမြန်ဆုံး စတင် ပြုလုပ်ရန် ဖြစ်ကြောင်း ယခုလ ၂၈ ရက်နေ့က ပြောကြားခဲ့သည်ဟု ဆင်ဟွာ သတင်းအရ သိရပါသည်။

ဝူဟိုင်ထောင်းက၊ ကုလသမဂ္ဂ ဒုက္ခသည်ရေးရာ မဟာမင်းကြီးရုံးနှင့် ဖွံ့ဖြိုးရေး စီမံကိန်း အဖွဲ့တို့သည် မြန်မာ အစိုးရနှင့် တိုင်ပင်ဆွေးနွေးမှုကို အားဖြည့်ပြီး နည်းလမ်းဆိုင်ရာ အခက်အခဲများကို ကျော်လွှား၍ ယင်းကိစ္စကို နိုင်ငံရေး ကိစ္စ မဖြစ်စေရန် ရှောင်ရှားကာ ၃ ပွင့်ဆိုင် နားလည်မှု အမှာစာတမ်းကို ထိရောက်စွာ အကောင်အထည်ဖေါ် ဆောင်ရွက်သင့်ကြောင်း ပြောကြားပါသည်။

   Webradio