• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ကုန်ပစ္စည်းများအပေါ် ကန်မှ အခွန်တိုးကောက်မှုသည် ဈေးကွက်သဘောတရားကို ကျောခိုင်း ဖောက်ဖျက်ပြီး ကန်စားသုံးသူများ၏ အကျိုးစီးပွားကို ထိခိုက်စေမည်ဟု ပညာရှင် ဆို

(GMT+08:00) 2018-08-29 15:53:51

အမေရိကန် ကုန်သွယ်ရေးကိုယ်စားလှယ်ရုံးမှ အမေရိကန်သို့ တင်ပို့ရောင်းချမည့် အမေရိကန်ဒေါ်လာ ဘီလီယံ၂၀၀ တန်ဖိုးရှိသော တရုတ်ကုန်ပစ္စည်းများအပေါ် အခွန် တိုးကောက်ရန် စီစဉ်ခြင်းကို အများက အာရုံစူးစိုက်နေကြခြင်းနှင့်ပတ်သက်၍ မကြာမီက တရုတ်လူမှုသိပ္ပံပညာ တံခွန်အသင်းကြီးမှ ပညာရှင်များက ယင်းသည် စီးပွားရေး သဘောတရားနှင့် ဈေးကွက်သဘောတရားကို ကျောခိုင်း ဖောက်ဖျက်သော ပေါ်လစီဖြစ်ကြောင်း၊ ကုန်သွယ်ရေးပြဿနာကို နိုင်ငံရေးပြဿနာဖြစ်စေပြီး ဆက်တိုက်မလုပ်နိုင်သော လုပ်ရပ်တစ်မျိုး ဖြစ်ကြောင်း၊ အမေရိကန် စားသုံးသူများ၏ အကျိုးစီးပွားကို ဦးစွာအားဖြင့် ထိခိုက်စေမည် ဖြစ်ကြောင်း ဖော်ပြကြပါသည်။ ကုန်သွယ်ရေးစစ်ပွဲကို လှုံ့ဆော်ခြင်းသည် ကိုယ့်ကိုကိုယ် ထိခိုက်မှုဖြစ်ကြောင်း၊ အမေရိကန်ဖက်အနေနှင့် လက်ရှိအခြေအနေကို မှန်ကန်စွာ ရှုမြင်သုံးသပ်ပြီး ဆင်ခြင်တုံတရားကို ပြန်လည်ရရှိ၍ ယခင်က ထူထောင်ခဲ့သော တရုတ်-အမေရိကန် အပြန်အလှန်ယုံကြည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု ဆက်ဆံရေးကို တန်ဖိုးထားရန် မျှော်လင့်ကြောင်း ပညာရှင်များက ပြောကြားခဲ့ကြသည်ဟု စီအာအိုင်သတင်းအရ သိရပါသည်။

   Webradio