• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်-အမေရိကန်နှစ်ဖက်တို့သည် အာရုံစိုက်ကြသော စီးပွားကုန်သွယ်ရေး ပြဿနာများကို အပြုသဘောဆောင်ပြီး ပွင့်ပွင့်လင်းလင်း ဖလှယ်

(GMT+08:00) 2018-08-24 14:57:48

        အမေရိကန်ဘက်မှ ဖိတ်ကြားချက်အရ တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာနမှ ဒုဝန်ကြီး၊ နိုင်ငံတကာကုန်သွယ်ရေး စေ့စပ်ဆွေးနွေးရေး ဒုတိယ ကိုယ်စားလှယ် ဝမ်ရှိုဝင် ဦးဆောင်သော တရုတ် ကိုယ်စားလှယ်အဖွဲ့သည် ယခုလ ၂၂ ရက်နေ့နှင့် ၂၃ ရက်နေ့က ဝါရှင်တန်မြို့၌ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဒုဝန်ကြီး မာလ်ပါ့စ် ဦးဆောင်သော အမေရိကန် ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံဆွေးနွေးပြီး နှစ်ဦးနှစ်ဖက်တို့ အာရုံစိုက်ကြသော စီးပွားကုန်သွယ်ရေးပြဿနာများနှင့်ပတ်သက်ပြီး အပြုသဘောဖြင့် ပွင့်လင်းစွာ အမြင်ချင်းဖလှယ်ခဲ့ကြကြောင်း၊ နှစ်ဖက်တို့သည် နောက်ဆက်တွဲကို စီစဉ်မှေုနှင့်ပတ်သက်ပြီး ဆက်လက်ထိတွေ့ဆက်ဆံမည်ဖြစ်ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

   Webradio