• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ပထမ အကြိမ် တရုတ် နိုင်ငံတကာ အင်တက်လစ်ဂျင် ကုန်စည်ပြပွဲ ကျင်းပ

(GMT+08:00) 2018-08-24 09:04:28

ပထမ အကြိမ် တရုတ် နိုင်ငံတကာ အင်တက်လစ်ဂျင် ကုန်စည်ပြပွဲကို ယခုလ ၂၃ ရက်နေ့က တရုတ်ပြည် ချုံချင့်မြို့၌ ဖွင့်လှစ်ခဲ့ကြောင်း၊ ကုန်စည်ပြပွဲ၏ အကျယ်အဝန်းမှာ စတုရန်းမီတာ ၁ သိန်း ၈ သောင်းကျော် ရှိပြီး အထွေထွေ ပြသဇုန်၊ လုပ်ငန်းကုမ္ပဏီကြီးများ ပြသဇုန်၊ ဆန်းသစ်တီထွင်ရေး ပြသဇုန်၊ အထူးအစီအစဉ်များ ပြသဇုန် စုစုပေါင်း ပြသဇုန် လေးခု ထားရှိကြောင်း၊ ကုန်စည်ပြပွဲ၏ ဆောင်ပုဒ်သည် "စီးပွါးရေး စွမ်းအား ဖြည့်သွင်းပေးပြီး နေထိုင်မှုဘဝ ပိုမို သာယာလှပ လာစေခြင်း" ဖြစ်ကြောင်း၊ ပြည်တွင်းပြည်ပမှ လုပ်ငန်းကုမ္ပဏီ ၆၀၀ ကျော်သည် ကုန်စည်ပြပွဲတွင် ပါဝင် ပြသနေကြကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

ကုန်စည်ပြပွဲတွင် ကျင်ရှန် သိပ္ပံနည်းပညာ ကုမ္ပဏီသည် ကမ္ဘာပေါ်တွင် ပထမ ဦးဆုံးသော အင်တက်လစ်ဂျင် လမ်းပြနည်း အစာအိမ် စစ်ဆေးရေး စက်ရုပ်ကို ထုတ်ပြန် ခဲ့ပြီး ယင်းသည် အစာအိမ် ကင်ဆာ ကြိုတင် တိုင်းတာ စစ်ဆေးရေးနှင့် ထိန်းချုပ်ကုသရေး နယ်ပယ်တွင် အသုံးပြုနိုင်မည် ဖြစ်ကြောင်း သိရပါသည်။

ထင်ရွှင့် ကုမ္ပဏီ ဒါရိုက်တာအဖွဲ့ ဥက္ကဋ္ဌ မာဟွာ့ထိန်က၊ ထင်ရွှင့် ကုမ္ပဏီသည် ချန်အင်း မော်တော်ကား ထုတ်လုပ်ရေး ကုမ္ပဏီနှင့် ပူးပေါင်းပြီး လူနှင့် ကား အကြား အင်တက်လစ်ဂျက် ချိတ်ဆက်ရေး ဝန်ဆောင်မှုဆိုင်ရာ ကိစ္စရပ်များကို စူးစမ်းလေ့လာ နေကြောင်း ပြောကြားပါသည်။

   Webradio