• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ကုန်သွယ်ရေးစစ်ပွဲသည် အမေရိကန် Bourbon ဝီစကီကို ထိခိုက်မှု ပေးနေ

(GMT+08:00) 2018-08-20 10:05:14

အမေရိကန် အစိုးရက သံမဏိနှင့် အလူမီနီယံ သွင်းကုန်ပစ္စည်းအပေါ် အခွန် တိုးကောက်ခြင်းကို တုံ့ပြန် ဆောင်ရွက်သည့် အနေနှင့် ဥရောပသမဂ္ဂ၊ မက္ကဆီကို၊ ကနေဒါနှင့် တရုတ်နိုင်ငံတို့သည် အမေရိကန်၏ နိုင်ငံတော် အရက်ဟု မွှန်းတင် ခေါ်ဝေါ် နေကြသော Bourbon ဝီစကီ အရက် အပေါ် ဒဏ်ပေးသည့်အားဖြင့် အခွန် တိုးကောက်ကြောင်း အသီးသီး ကြေညာခဲ့ကြပါသည်။ ယင်းသည် Bourbon ဝီစကီ အဓိက ထုတ်လုပ်သည့် အမေရိကန် ကင်တာကီ ပြည်နယ် အဖို့ ပြင်းထန်သော ထိခိုက်မှု တစ်ရပ်ပင် ဖြစ်သည်။ ဒေသခံ အရက်ချက် လုပ်ငန်းရှင်များက၊ အခွန် တိုးကောက်ခြင်း၏ ထိခိုက် ဂယက်ရိုက်ခတ်မှုများကို အမြန်ဆုံး ပြေလည်သွားနိုင်ရန်၊ ဈေးနှုန်း တက်ခြင်း၊ ကုန်ထုတ်လုပ်မှု ပမာဏ လျော့နည်းခြင်း၊ အလုပ်သမားများ အလုပ် ဆုံးရှုံးခြင်း စသည့် ဆိုးကျိုးများ မဖြစ်စေရန်နှင့် အရက်ချက်စက်ရုံများ၊ စိုက်ပျိုးခြံ၊ ခရီးသွားနှင့် သက်ဆိုင်ရာ လုပ်ငန်းများအပေါ် နစ်နာဆုံးရှုံးမှုကြီးများ မဖြစ်စေရန် မျှော်လင့်နေကြသည်ဟု စီအာအိုင် သတင်းအရ သိရပါသည်။

ကင်တာကီ ပြည်နယ် အရက်ချက် လုပ်ငန်းအသင်း ဥက္ကဋ္ဌ ဂရေကော်ရီက၊ အမေရိကန်က အခြားနိုင်ငံများအပေါ် အခွန် တိုးကောက်ခဲ့စဉ်ကပဲ Bourbon ဝီစကီ သည် လက်စားချေ ပစ်မှတ် ဖြစ်နိုင်မည်ဟု မိမိတို့ စိုးရိမ်မကင်း ဖြစ်မိခဲ့ကြောင်း၊ ယခု တကယ် ဖြစ်လာပြီ ဖြစ်ကြောင်း၊ ကုန်သွယ်ရေးစစ်ပွဲသည် Bourbon ဝီစကီ အပေါ် ရေရှည် ထိခိုက်မှု ဖြစ်နိုင်မည်ဟု မိမိတို့ စိုးရိမ် နေကြောင်း ပြောကြားပါသည်။

   Webradio