|
||||||||
|
|||||||||||||
၂၀၁၈ ခုနှစ် နိုင်ငံတကာ စက်ရုပ် အစည်းအဝေးကို ယခု ပီကင်း၌ ကျင်းပနေကြောင်း၊ တရုတ်၊ ရုရှား၊ အမေရိကန်၊ ဂျာမဏီ၊ ဂျပန်၊ တောင်ကိုးရီးယားနှင့် အစ္စရေး အပါအဝင် နိုင်ငံအသီးသီးမှ နာမည်ကြီး စက်ရုပ် လုပ်ငန်းရှင် ၃၀၀ ကျော်သည် အစည်းအဝေးသို့ တက်ရောက်ခဲ့ကြကြောင်း၊ လုပ်ငန်းရှင်များက၊ တရုတ်ပြည်၏ စက်ရုပ် ထုတ်လုပ်မှု အလားအလာ လွန်စွာ ကောင်းမွန်သည်ဟု ပြောကြားခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။
Cobot စက်ရုပ်သည် လူသားနှင့် ပူးပေါင်းပြီး အလုပ် လုပ်ကိုင်နိုင်သော စက်ရုပ် တစ်မျိုး ဖြစ်သည်။ ဒိန်းမတ် နိုင်ငံ universal robotsစက်ရုပ် ကုမ္ပဏီ ရှန်ဟိုင်း ကုမ္ပဏီခွဲ ဈေးကွက်ရေးရာ မန်နေဂျာ ရင်ယီက၊ လွန်ခဲ့သည့်နှစ်က နေ၍ ယခုနှစ်အထိ တရုတ်နိုင်ငံ၏ Cobot စက်ရုပ် ဈေးကွက် တိုးတက်နှုန်းမှာ ၁၄၀ ရာခိုင်နှုန်း ရှိကြောင်း၊ ပြည်တွင်းပြည်ပမှ လုပ်ငန်းရှင် များစွာတို့သည် ယင်းနယ်ပယ်တွင် ရင်းနှီးမြှုပ်နှံမှုများကို အားဖြည့် ပြုလုပ်နေကြောင်း ပြောကြားခဲ့ပါသည်။
သက်ဆိုင်ရာ စာရင်းအရ၊ ၂၀၁၃ ခုနှစ်ကစပြီး တရုတ်နိုင်ငံတွင် စက်ရုပ် ထုတ်လုပ်မှု အတိုင်းအတာ နှစ်စဉ်ပျမ်းမျှ တိုးတက်နှုန်းမှာ ၃၀ ရာခိုင်နှုန်းခန့် ရှိကြောင်း၊ ၂၀၁၇ ခုနှစ်တွင် စက်မှုသုံး စက်ရုပ် ရောင်းချမှု ပမာဏမှာ ၁ သိန်း ၄ သောင်းကျော် ရှိကြောင်း၊ ၂၀၁၇ ခုနှစ်တွင် စက်ရုပ် ထုတ်လုပ်မှု စုစုပေါင်း တန်ဖိုး ပမာဏမှာ အမေရိကန်ဒေါ်လာ ၇ ဘီလီယံခန့် ရှိကြောင်း သတင်းရရှိပါသည်။
|