• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ပြည် စက်ရုပ် ထုတ်လုပ်မှု နှစ်စဉ် တိုးတက်နှုန်း ၃၀ ရာခိုင်နှုန်း ရှိ

(GMT+08:00) 2018-08-16 09:54:07

တရုတ် စက်မှုနှင့် သတင်းအချက်အလက်နည်းပညာ ဝန်ကြီးဌာန ဝန်ကြီး မြောင်ဝေက၊ တရုတ်နိုင်ငံသည် ကမ္ဘာပေါ်တွင် အကြီးဆုံးသော စက်ရုပ် ဝယ်လိုအား ရှိကြောင်း၊ စက်ရုပ် ထုတ်လုပ်မှုလုပ်ငန်း အရည်အသွေး မြင့်မားစွာ တိုးတက်ရေးကို တွန်းအားပေးစဉ်၌ တရုတ်နိုင်ငံသည် တံခါးဖွင့် ဖွံ့ဖြိုးရေး အတွေးအခေါ်ကို တလျှောက်လုံး စွဲကိုင်နေကြောင်း ယခုလ ၁၅ ရက်နေ့က ပီကင်း၌ ပြောကြားခဲ့ပါသည်။

စက်ရုပ် အိုလံပစ်ဟု ခေါ်ဝေါ်နေကြသော ၂၀၁၈ ခုနှစ် ကမ္ဘာ့ စက်ရုပ် အစည်းအဝေးကို ယခု ပီကင်း၌ ကျင်းပနေကာ ပြည်တွင်းပြည်ပမှ စက်ရုပ် ထုတ်လုပ်ရေး ကုမ္ပဏီများသည် ဆန်းသစ် စက်ရုပ် ကုန်ပစ္စည်းများကို ခင်းကျင်းပြသနေပါသည်။

ဖွင့်ပွဲအခမ်းအနားတွင် ဝန်ကြီး မြောင်ဝေက၊ လွန်ခဲ့သည့် ငါးနှစ်အတွင်း တရုတ်ပြည် စက်ရုပ် ထုတ်လုပ်မှု အတိုင်းအတာမှာ နှစ်စဉ် ပျမ်းမျှ ၃၀ ရာခိုင်နှုန်းဖြင့် တိုးတက် လာနေကြောင်း၊ ၂၀၁၇ ခုနှစ်တွင် တိုးတက်နှုန်းပမာဏမှာ အမေရိကန်ဒေါ်လာ သန်း ၇၀၀၀ ခန့် ရှိပြီး စက်မှုသုံး စက်ရုပ် လုံးရေမှာ ၁ သိန်း ၃ သောင်းကျော် ရှိ၍ ၂၀၁၆ ခုနှစ်ကထက် ၆၈့ ၁ ရာခိုင်နှုန်း တိုးလာပါကြောင်း ရှင်းလင်း ပြောကြားခဲ့ပါသည်။

ယခုအကြိမ် စက်ရုံ အစည်းအဝေးကို ၅ ရက်ကြာ ကျင်းပမည် ဖြစ်ပြီး၊ ယင်းအတောအတွင်း ဖိုရမ်၊ ကုန်စည်ပြပွဲ၊ ပြိုင်ပွဲ၊ မြေပြင် လူသား မပါဝင်သော စက်ရုပ် လှုပ်ရှားမှုများ စသဖြင့် ပြုလုပ်နေကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

   Webradio