• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အပေါ် သတ်မှတ်စည်းမျဉ်းကို တိုးပွားစေသည့် အမေရိကန် " ဝင်ကစွပ် ကောင်လိုလူသား"ဖြစ်ချင်

(GMT+08:00) 2018-08-15 17:22:34

လွန်ခဲ့သည့် နှစ်၁၀၀ကျော်တုန်းက ရုရှား စာရေးဆရာ ချယ်ဂေါ့ဖ်သည် "ဝင်ကစွပ် ကောင်လိုလူသား"(The Man in a Case)ဟူသော ဝတ္ထုစာအုပ် တစ်အုပ်ကို ရေးသားခဲ့ ကြောင်း၊ ၄င်းဝတ္ထုစာအုပ်၏ ဇာတ်ကောင်သည် ဗျယ်လီကိုဖ်ဟု ခေါ်ကြောင်း၊ ဗျယ်လီကိုဗ်သည် ရှေးဟောင်းထုံးတမ်းစဉ်လာကို ထိန်းသိမ်းလိုက်နာပြီး လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုကို ငြင်းပယ်သူ တစ်ဦး ဖြစ်ကြောင်း၊ ယခုတွင် ယင်းကဲ့သို့ သော "ဝင်ကစွပ်ကောင်လိုလူသား"မျိုးကို ထပ်မံတွေ့ရကြောင်း စီအာအိုင်က ဖော်ပြသည်။

မကြာခင်က အမေရိကန်သည် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု စစ်ဆေးရေး ပြုပြင်ပြောင်းလဲမှု ဥပဒေကို ထုတ်ပြန်ခဲ့ကြောင်း၊ ယင်းသည် လွန်ခဲ့သည့် ၁၀နှစ်ခန့် အတွင်း အမေရိကန် အနေနှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏ လုပ်ငန်းတာဝန်ကို ပထမဆုံး အကြိမ် ပြုပြင်ပြောင်းလဲခြင်းနှင့် အားဖြည့်ပေးခြင်း ဖြစ်ပြီး အမေရိကန်တွင် ဝင်ရောက်ရန် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို ပိုမိုတင်းကျပ်သော စစ်ဆေးမှုကို ပြုလုပ်မည် ဖြစ်ကြောင်း စီအာအိုင်က ဖော်ပြသည်။

၁၉၇၅ခုနှစ်က တည်ထောင်ခဲ့သော အမေရိကန် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ကော်မတီသည် လုပ်ငန်းကုမ္ပဏီများ၏ ရင်းနှီးမြှုပ်နှံရေးနှင့် ကုမ္ပဏီဝယ်ယူရေး အပေါ် ခွင့်ပြုပိုင်ခွင့်နှင့် ငြင်းပယ်ပိုင်ခွင့်ရှိကြောင်း၊ ထရန့် အစိုးရ တက်လာခဲ့သည့် နောက်ပိုင်းတွင် ၄င်းကော်မတီ၏ လုပ်ငန်းတာဝန် တိုးချဲ့ရန် အသံ ကျယ်လောင်လာသောကြောင့် ယခုအကြိမ် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု စစ်ဆေးရေး ပြုပြင်ပြောင်းလဲမှု ဥပဒေကို ထုတ်ပြန် ခဲ့ကြောင်း စီအာအိုင်က ဖော်ပြသည်။

လွန်ခဲ့သည့် နှစ်များတွင် အမေရိကန်သည် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အပေါ် ကန့်သတ်မှု ထားရှိရေးတွင် ခြွင်းချက်မရှိသော အကြောင်းပြချက် တစ်ခုရှိကြောင်း၊ ယင်းအကြောင်းပြ ချက်သည် နိုင်ငံတော် လုံခြုံရေး အတွက် ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် အမေရိကန်သည် နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေးနှင့် သိပ္ပံနည်းပညာ စသည့် နယ်ပယ်များတွင် တစ်ကမ္ဘာလုံး၌ ရှေ့ပြေးနေရာတွင် ရှိနေပြီး ၄င်း၏ နိုင်ငံတော် လုံခြုံရေး အပေါ် ခြိမ်းခြောက်နိုင်စွမ်းရှိသူ မရှိကြောင်း၊ အမေရိကန်၏ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အပေါ် ကန့်သတ်မှု ထားရှိသည့် တကယ့် အကြောင်းရင်းမှာ အခြား နိုင်ငံများက အမေရိကန်၏ လုပ်ငန်း ယှဉ်ပြိုင်နိုင်စွမ်းနှင့် သိပ္ပံနည်းပညာ ဆန်းသစ်တီထွင်နိုင်စွမ်းကို ကျော်လွန်မည်ကို စိုးရိမ်ခြင်းကြောင့် ဖြစ်ကြောင်း၊ ထို့ကြောင့် အမေရိကန်သည် "ဝင်ကစွပ် ကောင်လိုလူသား"ကဲ့သို့  ဂလိုဘယ်လိုက်ဇေးရှင်း ရေစီးကြောင်းကို မထီမဲ့မြင်ပြုပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ အပေါ် အကန့်အသတ်ကို တမင်သက်သက် ထားရှိကြောင်း၊ ရည်ရွယ်ချက်မှာ ပြိုင်ဘက်များကို နည်းပညာသစ် မရရှိစေဘဲ အမေရိကန်၏ လက်ဝါးကြီးအုပ်မှုနှင့် မင်းမူနိုင်သူ အဆင့်နေရာကို ထိန်းသိမ်းကာကွယ်ရန်ပင် ဖြစ်ကြောင်း စီအာအိုင်က ဖော်ပြသည်။

ယခုနှစ်တွင် အမေရိကန်သည် နိုင်ငံတော် လုံခြုံရေးကို အကြောင်းပြုပြီး အမေရိကန် ကုမ္ပဏီများအား နိုင်ငံခြား ကုမ္ပဏီများမှ ဝယ်ယူရန် စီမံကိန်းများကို ကြိမ်ဖန်များစွာ ငြင်းပယ်ခဲ့ကြောင်း၊ အသစ် ထုတ်ပြန်ခဲ့သော နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု စစ်ဆေးရေး ပြုပြင်ပြောင်းလဲမှု ဥပဒေသည် အမေရိကန် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ကော်မတီ အပေါ် ပိုမိုများပြားသည့် အာဏာပေးကြောင်း၊ ဥပမာ ပြောလျှင် သိပ္ပံနည်းပညာ၊ အိမ်ရာနှင့် မြေယာစသည့် လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုများ အပေါ် ၄င်းကော်မတီ၏ ကန့်သတ်မှု ပြုလုပ်ပိုင်ခွင့်ကို တိုးပွားစေကြောင်း စီအာအိုင်က ဖော်ပြသည်။

အမေရိကန်မှ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အပေါ် စစ်ဆေးမှုနှင့် ကန့်သတ်မှု အားဖြည့် ဆောင်ရွက်ရာတွင် တရုတ်ပြည်သည် အဓိက ထိခိုက်မှု ခံရသူဖြစ်ကြောင်း၊ ၂၀၁၅ခုနှစ်က အမေရိကန် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ကော်မတီမှ စစ်ဆေးမှု ခံရသည့် ရောင်းဝယ်မှု ၁၄၃ခုတွင် ၂၉ခုသည် တရုတ်ကုမ္ပဏီများနှင့် ပတ်သက်ပြီး ရာခိုင်နှုန်း ၂၀ကျော်ရှိကြောင်း၊ တရုတ်ပြည်သည် ၄နှစ်ဆက်တိုက် အမေရိကန် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ကော်မတီမှ စစ်ဆေးမှု အများဆုံး ခံရသည့် နိုင်ငံ ဖြစ်ကြောင်း ယမန်နှစ် စက်တင်ဘာလက အမေရိကန် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ကော်မတီမှ ထုတ်ပြန်သည့် စာရင်းတွင် ဖော်ပြသည်။

ယခုနှစ် ဧပြီလက နယူးယောက် ရော်ဒိမ် ကုမ္ပဏီ အုပ်စုနှင့် အမေရိကန်-တရုတ် ဆက်ဆံရေး ပြည်လုံးဆိုင်ရာ ကော်မရှင်မှ ပူးတွဲ ထုတ်ပြန်ခဲ့သော ရင်းနှီးမြှုပ်နှံမှု အစီရင်ခံစာတွင် ၂၀၁၇ခုနှစ်တွင် အမေရိကန်၌ တရုတ်ပြည်မှ ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း ပမာဏမှာ အမေရိကန် ဒေါ်လာ ၂၉ဘီလီယံ ရှိပြီး ၂၀၁၆ခုနှစ် ကထက် ၃၅ရာခိုင်နှုန်း လျော့နည်းသွားကြောင်း ဖော်ပြသည်။ ယခုနှစ် ဇန်နဝါရီလမှ မေလ အထိ အမေရိကန် နိုင်ငံတွင် တရုတ်ပြည်၏ ကုမ္ပဏီ ဝယ်ယူခြင်းနှင့် တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ အမေရိကန် ဒေါ်လာ ၁့၈ဘီလီယံသာရှိပြီး ယမန်နှစ် အလားတူ အချိန်ပိုင်းကထက် ၉၂ရာခိုင်နှုန်း လျော့နည်းသွားကာ လွန်ခဲ့သည့် ၇နှစ် အတွင်း အနည်းဆုံး ဖြစ်ကြောင်း ယခုနှစ် ဇွန်လက ရော်ဒိမ်ကုမ္ပဏီ အုပ်စုမှ ထုတ်ပြန်သည့် စာရင်းအရ သိရသည်။ အဓိက အကြောင်းရင်းမှာ အမေရိကန် အနေနှင့် တရုတ်ပြည်မှ ရင်းနှီးမြှုပ်နှံမှု အပေါ် စစ်ဆေးမှု တင်းကျပ်လာခြင်းကြောင့် ဖြစ်ကြောင်း စီအာအိုင်က ဖော်ပြသည်။

အမေရိကန်မှ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အပေါ် ကန့်သတ်မှု တိုးပွားစေခြင်းကြောင့် တိုတောင်းသည့် အချိန်တွင် အမေရိကန် ကုမ္ပဏီများ၏ ဖွံ့ဖြိုးတိုးတက်ရေး အခွင့်အခါကို ထိခိုက်စေပြီး အမေရိကန် ပြည်သူများ၏ အလုပ်အကိုင်နေရာကို လျော့နည်းစေမည် ဖြစ်ကြောင်း၊ ရေရှည်ကြည့်လျှင် အမေရိကန်၏ လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးနှင့် သိပ္ပံနည်းပညာ ဆန်းသစ်တီထွင်မှု အပေါ် ရေရှည်နက်နဲစွာ ဂယက်ရိုက်ခတ်မည် ဖြစ်ကြောင်း အကဲခတ်များက ယူဆကြသည်ဟု စီအာအိုင်က ဖော်ပြသည်။

အမေရိကန်မှ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အပေါ် ကန့်သတ်မှု တိုးပွားစေသည့် တစ်ချိန်တည်းတွင် တရုတ်ပြည်သည် တံခါးဖွင့်မှုကို တိုးချဲ့ကျင့်သုံးနေကြောင်း၊ ယခုနှစ် ဇွန်လက တရုတ်ပြည်သည် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်ရန် ကန့်သတ်ချက် ၁၅ခုကို လျှော့ချခဲ့ကြောင်း၊ တရုတ် ကုန်သွယ်ရေး ဝန်ကြီးဌာနမှ သက်ဆိုင်ရာ စာရင်းတွင် ယခုနှစ် ပထမ နှစ်ဝက်ပိုင်း၌ တရုတ်ပြည်တွင် အသစ်ထားရှိသော နိုင်ငံခြား ကုမ္ပဏီ ၂၉၅၉၁ခုရှိပြီး ယမန်နှစ် အလားတူ အချိန်ပိုင်းကထက် ၉၆့၆ ရာခိုင်နှုန်း တိုးလာကြောင်း၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကို အသုံးပြုမှု ပမာဏမှာ အမေရိကန် ဒေါ်လာ ၆၈့၃၂ဘီလီယံ ရှိပြီး ယမန်နှစ် အလားတူ အချိန်ပိုင်းကထက် ၁့၁ရာခိုင်နှုန်း တိုးလာကြောင်း ဖော်ပြသည်။

အမေရိကန် စီးပွားရေး အကဲဖြတ်သုံးသပ်ရေး ဌာနမှ ထုတ်ပြန်သော စာရင်းတွင်မူ ယခုနှစ် ပထမ ၃လပတ်တွင် အမေရိကန်၌ နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ ကန်ဒေါ်လာ ၅၁့၃ဘီလီယံရှိပြီး ယမန်နှစ် အလားတူ အချိန်ပိုင်းကထက် ၃၇ရာခိုင်နှုန်း ကျဆင်းပြီး ၂၀၁၆ခုနှစ် အလားတူ အချိန်ပိုင်းကထက် ၆၅ရာခိုင်နှုန်း ကျဆင်းကြောင်း ဖော်ပြသည်။

အကယ် ၍ အမေရိကန်က လူအချို့ စွဲကိုင်ထားသော အထီးကျန်ဆန်ရေး ဝါဒနှင့် စစ်အေး အတွေးအခေါ်သည် အမေရိကန် နိုင်ငံတော် လုံခြုံရေး အပေါ် အကြီးမားဆုံး ခြိမ်းခြောက်မှုပင် ဖြစ်ကြောင်း စီအာအိုင်က ဖော်ပြသည်။

   Webradio