• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အမေရိကန်၏ အရေးယူမှု ဆောင်ရွက်ချက်ကို တူရကီနှင့် ရုရှား နိုင်ငံခြားရေးဝန်ကြီးတို့က အတူဝေဖန်

(GMT+08:00) 2018-08-15 14:52:53

တူရကီနိုင်ငံခြားရေးဝန်ကြီး ချာဝူစိုကလူသည် အလည်အပတ်ရောက်ရှိနေသော ရုရှား နိုင်ငံခြားရေးဝန်ကြီး လာဖ်ရော့ဖ်နှင့် သြဂုတ်လ ၁၄ရက်နေ့က အန်ကာရာမြို့တွင် တွေ့ဆုံ နှုတ်ဆက်ခဲ့ရာ၊ အမေရိကန်၏အရေးယူမှုဆောင်ရွက်ချက်များကို ဝေဖန်ကြပြီး တူရကီ-ရုရှား မဟာဗျူဟာ မိတ်ဖက် ဆက်ဆံရေးကို အားဖြည့်ဆောင်ရွက်ရန် အလေးထား ပြောကြားကြကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတို့သည် ဆီးရီးယားအခြေအနေနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ရာတွင် ဆီးရီးယားပြဿနာဆိုင်ရာ အာစတာနာဆွေးနွေးပွဲ၏ အောင်ကျိုး ရလဒ်ကို ဆက်လက်လက်တွေ့အကောင်အထည်ဖော်ပြီး ဆီးရီးယား အီဒ်လီဘ် ပြည်နယ်စသော အချင်းပွားမှု လျော့နည်းရာဒေသများ၌ အားဖြည့်ပူးပေါင်းဆောင်ရွက်မည်ဟု ထပ်မံပြောကြားကြကြောင်း သတင်းရရှိပါသည်။

   Webradio